Main menu

Background

ကိုကိုးထုတ်လုပ်မှုကျဆင်း၍ တောင်သူများဆီအုန်း၊ ရော်ဘာ ပြောင်းလဲစိုက်လို

Mon, 03/26/2012 - 09:33 -- Anonymous (not verified)

    ကမ္ဘာ့တတိယအကြီးဆုံး ကိုကိုးစိုက်ပျိုးသူဖြစ်တဲ့ အင်ဒိုနီးရှားက လာမယ့် ၅ နှစ်အတွင်းမှာ ဈေးကောင်းရတဲ့ ဆီအုန်းနဲ့ ရော်ဘာ ပိုမိုစိုက်ပျိုးမှာဖြစ်တဲ့အတွက် ကိုကိုးစိုက်ပျိုးမှု ၁၁ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိကြောင်း ကုန်သွယ်ရေးအသိုင်း အဝိုင်းမှ ပြောကြားပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက တောင်သူတွေရဲ့ဝင်ငွေကို တစ်ဟက်တာ ၁၅၀ ရာခိုင်နှုန်းခန့်အထိ ရရှိစေခဲ့တဲ့ ချောကလက်လုပ်ရာမှာအဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကိုးရဲ့ထုတ်လုပ်မှုကတန်ချိန် ၄ သိန်းအောက် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိ နိုင် ကြောင်း အင်ဒိုနီးရှားကိုကိုးအသင်း (ICCA)က ပြောကြားပါတယ်။ ယခင်နှစ်က တန်ချိန် ၄၃၅၀၀၀ ရှိကာ ယခုနှစ်မှာ တန်ချိန်၄၅၀၀၀၀ ထုတ်လုပ်ဖွယ်ရှိကြောင်း အသင်းရဲ့ စာရင်းများအရ သိရပါတယ်။ ယခုနှစ်မှာ ကိုကိုးထုတ်လုပ်မှု ၇ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိပြီး ၂၀၁၁ မှာတော့ ၃၁ ရာခိုင်နှုန်းကျဆင်းခဲ့ကာ အာဖရိကနိုင်ငံတွေရဲ့ ထုတ်လုပ်မှုကျဆင်းမှာကို စိုးရိမ်ဖွယ်ရှိ ကြောင်း သိရပါတယ်။ ကမ္ဘာ့ကိုကိုးထုတ်လုပ်မှုက ၂၀၀၆-၂၀၀၇ ထက် ၁၅ ရာခိုင်နှုန်းမြင့်တက်ပြီး ယခုနှစ်မှာ တန်ချိန် ၃ ဒသမ ၉၆ သန်းကိုရောက်ရှိနိုင်ကြောင်း နိုင်ငံတကာကိုကိုးအသင်း (ICCO) က ပြောကြားခဲ့ပါတယ်။ အိုင်ဗရီကို့စ်က အများဆုံး ထုတ်လုပ်သူဖြစ်ပြီးဂါနာက ဒုတိယလိုက်ကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတည်းက တောင်သူတွေက အခြားအကျိုးအမြတ် ပိုများတဲ့သီးနှံတွေကို ပြောင်းလဲစိုက်ပျိုး လိုကြောင်း မိမိသိရှိခဲ့ရတယ်လို့ (ICCO) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ကိုကိုးစိုက်ပျိုးမှု ကယခုနှစ်မှာဟက်တာ ၁ ဒသမ ၅ သန်းကနေလာမယ့် ၅ နှစ်မှာဟက်တာ ၁ ဒသမ ၃ သန်းအထိ ကျဆင်းဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။ အပင်တွေအိုမင်းလာမှု၊ ရောဂါနဲ့ ပိုးမွှားကျရောက်မှုကြောင့် အထွက်နှုန်း လျော့နည်းပြီး ကိုကိုးစိုက်ခင်းတွေရဲ့ ဝင်ငွေ ကို ကျဆင်းစေခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ကိုကိုးစိုက်တောင်သူတွေက တစ်နှစ်လျှင် တစ်ဟက်တာမှ ရူပီး ၈ သန်း (၈၇၃ ဒေါ်လာ) ရရှိပြီးရော်ဘာနဲ့ဆီအုန်းစိုက်ပျိုးတာကရူပီးဒေါ်လာသန်း ၂၀ မကရရှိကြောင်း (ICCO)  ဥက္ကဌက ပြောကြား ခဲ့ပါတယ်။ အင်ဒိုနီးရှားက ကမ္ဘာ့ဆီအုန်းအများ ဆုံးထုတ်လုပ်သူ ဖြစ်ပြီး ရော်ဘာ ဒုတိယအများ ဆုံးစိုက်ပျိုးသူဖြစ်ပါတယ်။ ဈေးနှုန်းအပြောင်းအလဲ    ကိုကိုးထုတ်လုပ်သူတွေက တစ်ခါတစ်ရံ မိုးခေါင်မှု၊ ရေကြီးမှုစတဲ့ သဘာဝဘေးဒဏ်များနဲ့ ရောဂါကျရောက်မှုတွေကြောင့် ငွေကြေးလိုအပ်ပြီး တစ်ဦးကို ၅ ဟက်တာအောက်သာ စိုက်ပျိုးနိုင်ကြကြောင်း(ICCO) ရဲ့ စာရင်းများအရ သိရပါတယ်။ ၂၀၀၆ ကစပြီးဈေးနှုန်းကတော့တစ်တန်ကို ၁၃၉၆ ဒေါ်လာကနေ ၃၇၇၅ ဒေါ်လာအထိ ရရှိကြောင်းသိရပါတယ်။ အင်ဒိုနီးရှားရဲ့ တင်ပို့မှုကတော့ ၂၀၁၁ မှာ တန်ချိန် ၂ သိန်းကနေ ယခုနှစ်မှာ တန် ၂၂၅၀၀၀ အထိ မြင့်တက်ဖွယ်ရှိတယ်လို့ (ICCA) ရဲ့ ဥက္ကဌက ပြောကြားပါတယ်။ ပြည်တွင်းသုံးစွဲမှုကတော့ တန်ချိန် ၂ သိန်းနဲ့ တန်ချိန် ၂၂၅၀၀၀ ကြားမှာ ပုံမှန်ရှိကြောင်း သိရပါတယ်။ ဥရောပကုန်စည်ဒိုင် (ICE) မှာ မေလအတွက် အရောင်းအဝယ်ဈေးက တစ်တန်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့် တက်ပြီး ၂၂၅၆ ဒေါ်လာ ရရှိနေကြောင်း သတင်းရရှိပါတယ်။ှSource: Bloomberg.com,K.Z.W