Main menu

Background

ရန်ကုန် FOB မတ်ပဲ အရောင်းအဝယ်ဖြစ်ပေမဲ့ ဈေးအနည်းငယ်လျော့ကျ

Mon, 04/02/2012 - 03:39 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှုက ယခင်တစ်ပတ်ထက်ပိုမိုတာ တွေ့ရပါ တယ်။ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခု တစ်ပတ် (မတ်လ ၂၃-၃၀ )အတွင်း တန်ချိန် ၂၁၀၀၀ ကျော်ထိ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ FOB ဈေးမှာ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ ပိတ် ရက် မတိုင်မီ အရောက်တင်ပို့ဖို့ ကုန်သည်များ အားချင်း တင်ပို့နေလို့ သင်္ဘောလိုင်း မှ ကွန်တိန်နာသယ်ယူခနှုန်းများ မြှင့်တင်တဲ့အတွက် ဝယ်ဈေးအနည်းငယ် ကျဆင်း သွားခြင်း ဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ သြင်္ကန်နောက်ပိုင်း မှာတော့ မတ်ပဲဈေး ပြန်ကောင်းလာနိုင်တယ်လို့ အများကခန့်မှန်းထားပါတယ်။ ရန်ကုန် FOB ဈေး အပြောင်းအလဲကို ဖော်ပြလိုက်ပါတယ်-                     FAQ(အဟောင်း)    FAQ(အသစ်)    SQ(အဟောင်း)    SQ(အသစ်)၃၀-၃-၂၀၁၂    ၄၇၀-၄၉၀               ၅၀၀-၅၂၀      ၅၁၀-၅၃၀         ၅၈၀-၆၀၀၂၃-၃-၂၀၁၂    ၄၈၀-၅၀၀               ၅၁၀-၅၃၀       ၅၂၀-၅၄၀        ၅၉၀-၆၀၀MIRT(MAPT)