အိန္ဒိယရဲ့အဓိကအစားအစာထဲမှာ ပဲမျိုးစုံက ဈေးကြီးမြင့်နေပါတယ်။ ပြောင်းလဲမှုမရှိ စိုက်ပျိုးကြတဲ့ တောင်သူတွေဟာ ပုံမှန်အတိုင်းစိုက်ပျိုးလို့ အထွက် တိုးတက်မှုမရှိခဲ့ကြပါဘူး။ ဒါကြောင့်လည်း အိန္ဒိယမှာ စိုက်ပျိုးထွက်ရှိမှုက စားသုံးမှု ထက် လျော့နည်းလျက်ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်မတိုင်မီ အချိန်တွေက နှစ်စဉ်ထုတ်လုပ်မှု တန်ချိန် ၁၄ ဒသမ ၅ သန်းကျော် တဲ့ နှစ်ကရှားရှားပါးပါးပါပဲ။၂၀၀၉-၁၀ မှာတင်သွင်းမှုဟာတန်ချိန် ၃ ဒသမ ၅ သန်းခန့်အထိ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရောင်း လိုအား ထက် ဝယ်လိုအားကျော်နေတာကြောင့် ဈေးနှုန်းတွေမြင့်တက်ခဲ့ရာမှာ ပဲစင်းငုံလက်လီတစ်ကီလိုဈေးဟာ ရူပီး ၁၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၉၆)ကျော်ခဲ့ပါတယ်။ ဒါကြောင့်လည်းနောက်နှစ်မှာတောင်သူတွေပိုစိုက်ခဲ့ပါတယ်။၂၀၁၀-၁၁ မှာတင်သွင်း မှု တန်ချိန် ၂ ဒသမ ၅ သန်းခန့်ကို ကျဆင်းခဲ့လို့ ယခုလမှာကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာနှစ်မှာလည်းတန်ချိန် ၂ ဒသမ ၇ သန်း - ၂ ဒသမ ၈ သန်းထက်မပိုနိုင်ဘူးလို့ ဆိုပါတယ်။ ပြည်တွင်းထွက်ရှိမှုကတော့ တန်ချိန် ၁၇ သန်းဝန်းကျင် ရှိနေပါတယ်။ ယခုနှစ်စိုက်ပျိုးထုတ်လုပ်သူတွေအတွက်ဈေးနှုန်းကျဆင်းမှုကထုတ်လုပ်မှုအပေါ် အားထုတ်မှု နည်းပါးစေနိုင် ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကထုတ်လုပ်မှုစရိတ်ကို မကာမိအောင်ဖြစ်နေပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ မဟာရပ်ရှတရာမှာ ပဲမျိုးစုံဈေးက အနိမ့်ဆုံးထောက်ပံ့ဈေး(MSP)တစ်တန် ရူပီး ၃၂၀၀၀ (ကန်ဒေါ်လာ ၆၂၈) အောက်ကို ကျဆင်းနေပါတယ်။ မဟာရပ်ရှတရာလို ပဲအဓိကစိုက်တဲ့ဒေသရှိ တောင်သူတွေက အခြေခံပြဿနာ ၂ ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ ပထမတစ်ချက်က အထွက်နှုန်း နည်းခြင်းနဲ့ နည်းပညာသုံးစွဲမှု မရှိတာကြောင့်၎င်းင်းတို့ရဲ့ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့် တက်ေ နခြင်းဖြစ်ပါတယ်။နောက်ဒုတိယ တစ်ချက်ကစုစည်းထားတဲ့ဈေးကွက်စနစ်မရှိတဲ့အတွက် တောင်သူတွေက MSP ဈေးအောက်မှာ ၎င်းတို့ရဲ့ ထုတ်ကုန်တွေ ရောင်းချ ဖို့ဖြစ်လာပါတယ်လို့ နိုင်ငံတော် စိုက်ပျိုးရေးထုတ်လုပ်မှုစရိတ်နဲ့ ဈေးနှုန်းကော်မရှင် ဥက္ကဌ Ashok Gulati မှ ဆိုပါတယ်။ အဲဒီလို ဒေသတွင်းမှာ စုပုံနေခြင်းဟာ အစောပိုင်းနှစ်က ဈေးကောင်းရရှိခဲ့လို့ ထုတ်လုပ်မှု ယာယီမြင့်တက်ခဲ့တာကြောင့်လို့ မဟာရပ်ရှတရာ ပဲထုတ်လုပ်ရာဒေသကို မကြာသေးမီကသွားရောက်ခဲ့တဲ့ Gulati မှ ပြောကြားပါတယ်။ ထုတ်လုပ်မှု စရိတ် မြင့်တက်တဲ့တိုင် ဈေးနှုန်း ရုတ်တရက်မြင့်တက်တာကြောင့် တောင်သူများက အကျိုး အမြတ်ပိုမိုရရှိမယ် မျှော်လင့်ပြီး၊ ၎င်းတို့မြေ များကို ပဲမျိုးစုံပြောင်းလဲစိုက်ပျိုးလာခဲ့ကြပါတယ်။ ဒါပေမယ့် ဈေးကွက်အခြေခံအဆောက်အဦမလုံလောက်ခြင်းနဲ့ ဒေသအလိုက်ပြုပြင်ထုတ်လုပ်တဲ့ စက်ရှားပါးခြင်းက ပဲပိုလျှံ ဖို့ ဦးတည်လာစေပြီး၊ စားသုံးသူများအတွက် အကျိုးရှိပေမယ့် ရေရှည်မှာ ထုတ်လုပ်မှု တိုးတက်ခြင်းကို ဆုတ်ယုတ်စေပါတယ်။ ယမင်းရွှေစင်၊Source: Business standard
Background