ချင်းအစိုကတော့ အောင်ပန်းဈေးကွက်မှာ အဝင်နည်းလာပါတယ်။ ချင်းပြန် စိုက်တဲ့ရာသီရောက်လာတာကြောင့် အဝင်နည်းနေတယ်လို့ဆိုပါတယ်။ စိုက်လို့ပိုတဲ့ တောင်သူတွေကသာ ပြန်ရောင်းနေတယ်လို့သိရပါတယ်။ အဝင်ကတော့ တစ်ပတ် ကို ပိဿာချိန် ၄၀၀၀ ခန့်သာအဝင်ရှိပြီး နယ်အစုံက ချင်းထိုးသမားတွေ ဝယ်ယူ နေတာကြောင့် ပုံမှန်သာအရောင်းအဝယ်ဖြစ်နေ ပါတယ်။ အစိုလက်ကျန်တွေကလည်း သိပ်များများမကျန်ဘူးလို့လည်းသိရပါတယ်။ အခုပြန်စိုက်နေတဲ့ချင်းက သြဂုတ်၊ စက်တင်ဘာလမှသာ ပြန်ဖော်မှာဖြစ်ပေမဲ့ မိုးဦး ကျ ဇွန်၊ဇူလိုင်ဆိုရင် ချင်း (ဥမ) တွေ ပြန်ထွက်လာမှာ ဖြစ်တာကြောင့် ချင်းဈေးကွက် က တက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ချင်းစိုဈေးကတော့ ဒီတစ်ပတ်မှာ တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်တွေကတော့ အခု တလောမှာ အဝင်နည်းနည်းများလာ ပါတယ်။ ပရဆေးဖော်ဖို့အတွက် ဝယ်ယူတာ ကြောင့် အရောင်းလည်းနည်းနည်းသွက်နေတယ်လို့သိရပါတယ်။ တစ်ပိဿာပေါက် ဈေးက ၁၃၀၀ ကျပ်၊ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းကတော့ အဝင်နည်းပြီး အရောင်း ကလည်းအေးနေပါတယ်။ ချင်းစိုတစ်ပိဿာ ၂၇၀ ကျပ်၊ ၂၈၀ ကျပ်ဈေး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၄၀၀ ကျပ်ဈေး ဖြစ်ပါတယ်။ ဧဧခိုင်
Background