Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Mon, 04/02/2012 - 08:08 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ     ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး         ၁ ပိဿာ       ၈၀၉      ၈၀၀                    ၂    မကွေး            ၁ ပိဿာ       ၈၀၀      ၇၈၀         ၃    မုံရွာ               ၁ ပိဿာ      ၇၉၅      ၇၉၅        ၄    အောင်လံ        ၁ ပိဿာ       ၈၀၀      ၇၈၅        ၅    မြင်းခြံ             ၁ ပိဿာ      ၈၀၀      ၇၉၀    ၆    ပြည်             ၁ ပိဿာ       ၈၁၀        ၈၀၀    ၇    ပခုက္ကူ           ၁ ပိဿာ      ၈၀၀       ၇၇၃ကုလားပဲကို မြို့ခံခွဲစက်နဲ့ ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့အဝယ်ရှိ    မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံ ပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ မှ ၆၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေး ကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၇၈၀ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို ပဲခွဲ စက်တွေက ယခင်အပတ်နဲ့စာရင် ဝယ်လိုအားလျော့နည်းသွားတယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၃ ကျပ် (တစ်တန်ကို ၄၇၃၃၇၇ ကျပ်)နဲ့တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့် သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ အောင်လံဈေးကွက်မှာတော့ ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားများခဲ့သ လို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၅ ကျပ်(တစ်တန်ကို ၄၈၀၇၂၆ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မြင်းခြံဈေး ကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်သမားများက ဝယ်အားပုံမှန် ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များလာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်လျော့နည်းသွားတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန် ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။