Main menu

Background

ရန်ကုန် FOB မတ်ပဲ ရောင်းဝယ်မှုအား ကောင်းပေမဲ့ဈေးငြိမ်

Sun, 04/08/2012 - 08:57 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုကတော့ ယခင်တစ်ပတ်လိုပဲ အားကောင်းနေပါတယ်။ အများဆုံး အရောင်းအဝယ်ဖြစ်တာ FAQ များပြီး မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက် အထိ စုစုပေါင်းတန်ချိန် ၂၁၀၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။     သြင်္ကန်အပြီး နောက်ပိုင်းလတွေမှာ မတ်ပဲဈေး ပြန်မတ်လာမယ်မှန်းပြီး ယခု ရက်ပိုင်းပိတ်ရက်မတိုင်မီ အရောင်းအဝယ်များခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ နှစ်စဉ် ဧပြီလရောက်တိုင်း ကွန်တိန်နာသယ်ယူခနှုန်းထား မြင့်တက်မှုရှိသလို ယခုနှစ် မှာလည်း တင်ပို့သူများ အပြိုင်အဆိုင် တင်ပို့နေတာကြောင့် သယ်ယူခနှုန်း ထားမြင့် ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း ငြိမ်နေ ပါတယ်။ ဧပြီလ ၅ ရက်နေ့ မတ်ပဲအသစ် FAQ တစ်တန် ကန်ဒေါ်လာ ၅၀၀-၅၂၀၊ SQ အသစ် ကန်ဒေါ်လာ ၅၈၀-၆၀၀ နဲ့ မတ်ပဲအဟောင်း FAQ တစ်တန် ကန်ဒေါ်လာ ၄၇၀-၄၉၀ နဲ့ SQ အဟောင်း ကန်ဒေါ်လာ ၅၁၀-၅၃၀ အသီးသီးရှိ ကြောင်း သိရပါတယ်။                                         MIRT - MAPT