Main menu

Background

၂၀၁၂ မတ်လ မတ်ပဲတင်ပို့မှု ယခင်နှစ်ကာလတူထက် ပိုမို

Sun, 04/08/2012 - 08:54 -- Anonymous (not verified)

    ၂၀၁၂ မတ်လအတွင်း မတ်ပဲတင်ပို့မှုမှာ ယခင်လထက်ပိုမိုသလို ၂၀၁၁ မတ်လ တင်ပို့မှုထက်လည်း ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ ၂၀၁၂ မတ်လ တစ်လ လုံးမှာတန်ချိန် ၄၈၀၀၀ကျော်ရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၃၅၀၀၀ ခန့် တင်ပို့ ခဲ့ပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာတော့ တန်ချိန် ၃၁၀၀၀ ကျော်သာ ပို့ခဲ့ လို့ ယခုနှစ် ကာလတူထက် တန်ချိန် ၁၇၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ မတ်လကုန် သီတင်းပတ်အတွင်းမှာလည်း မတ်ပဲတန်ချိန် တစ်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။    ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တစ်ခုလုံး မတ်ပဲ ပြည်ပကိုတင်ပို့မှု စုစုပေါင်းဟာ တန်ချိန် ၆ သိန်းအထိ တင်ပို့နိုင်ခဲ့ပြီး ရရှိတဲ့တန်ဖိုးမှာ ကန်ဒေါ်လာ ၄၇၃ သန်း နီးပါးရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ်တစ်နှစ်လုံးအနေနဲ့ မတ်ပဲတန်ချိန် ၄၆၄၀၀၀ ခန့်တင်ပို့ခဲ့ခြင်းမှ ကန်ဒေါ်လာ ၄၅၈ သန်းကျော်ရရှိခဲ့လို့ ယခုဘဏ္ဍာ နှစ်မှာ ပမာဏအားဖြင့် တန်ချိန် တစ်သိန်းနီးပါး ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ဒီဘဏ္ဍာနှစ်မှာ ရောင်းဈေးလျော့ကျမှုကြောင့် ရရှိတဲ့ ဝင်ငွေပမာဏကွာဟမှု နည်းတာ တွေ့ရပါတယ်။                                      MIRT - MAPT