Main menu

Background

သြင်္ကန်ပွဲတော်ရက်နီးလာလို့ နနွင်းအရောင်းအဝယ်အေးလာ

Sun, 04/08/2012 - 09:54 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာ နနွင်းက ချင်းလိုပါပဲ၊ အရောင်းအဝယ်အေးနေပါတယ်။ သြင်္ကန်ပွဲတော်ရက်နီးလာ တာကြောင့် အရောင်းအဝယ်ကလည်း ခဏရပ်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ တောင်သူတွေက လက်လီလာရောင်းနေတာ ကြောင့် လှောင်လက်တွေကတော့ဝယ်ပြီး ထပ်ထားနေရတယ်လို့လည်း သိရပါတယ်။ ပင်လောင်းနနွင်းတွေကတော့ အဝယ် လုံးဝမရှိသေးပါဘူး။ ပင်လောင်းတောင်သူတွေက တစ်ပိဿာ ၄၀၀ ကျပ်၊ ၅၀၀ ကျပ် ရရင်တောင်ရောင်းချင်ပေမဲ့ အရည် အသွေး မကောင်းတာကြောင့် ဝယ်သမားကမရှိသေးဘူးလို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်း (ရိုးရိုး) က တစ်ပိဿာ ၅၀၀ ကျပ်၊ ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင်နနွင်းကတစ်ပိဿာ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။    ဟိုပုံးနနွင်းကတော့ မန္တလေးဝယ်လက်တွေ လာဝယ်နေတောကြောင့် တစ်ပတ်အတွင်းမှာ ပိဿာချိန်၂ သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက အရည်အသွေးနဲ့ အထွက်နှုန်းကောင်းတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေကလည်း သြင်္ကန်မတိုင်ခင်မှာ တစ်ပိဿာ ၇၀၀ ကျပ်နဲ့ ဝယ်လှောင်ကြပါတယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်းဈေး ကတော့ တစ်ပိဿာ ၈၅၀ ကျပ်ဈေးပေါက်နေတယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။                ဧဧခိုင်