စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၈၀၀ ၇၈၂ ၂ မကွေး ၁ ပိဿာ ၇၈၀ ၇၈၀ ၃ မုံရွာ ၁ ပိဿာ ၇၉၅ ၇၀၅ ၄ အောင်လံ ၁ ပိဿာ ၇၈၅ ၇၇၅ ၅ မြင်းခြံ ၁ ပိဿာ ၇၉၀ ၇၆၅ ၆ ပြည် ၁ ပိဿာ ၈၀၀ ၇၇၅ ၇ ပခုက္ကူ ၁ ပိဿာ ၇၇၃ ၇၇၃ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေ ဝယ်အားပျော့လာ မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းပဲခွဲစက်တွေက ဝယ်အားပျော့သွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၇၈၂ ကျပ်(တစ် တန်ကို ၄၇၈၈၈၈ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၆၅ ကျပ် (တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့တစ်ရက်ကို အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၀ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်တွေက ဝယ်အား ပုံမှန်ထက်စာရင် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၃ ကျပ်(တစ်တန်ကို ၄၇၃၃၇၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့ ရန်ကုန် ဝယ်လက်တချို့က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ က အရောင်းများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆၀၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ကုလားပဲသစ်တွေ ပန်တောင်းနဲ့ ကံမဘက်မှ အဝင်ပုံမှန်ရှိသလို ဒေသတွင်းခွဲစက်သမားများကလည်း ပုံမှန်အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၇၇၅ ကျပ်(တစ်တန်ကို ၄၇၄၆၀၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background