Main menu

Background

ဆူအိုစင်ကိုကုမ္ပဏီ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်

Mon, 04/09/2012 - 04:35 -- Anonymous (not verified)

    ဆူအိုစင်ကိုကုမ္ပဏီ (ထိုင်းနိုင်ငံ) သည် Striders Corporation  (ဂျပန်နိုင်ငံ) ကုမ္ပဏီဖြင့်MOU သဘောတူလက်မှတ် ရေးထိုး ခဲ့ကြောင်း ၃၁-၁-၂၀၁၂ နေ့တွင် ကုမ္ပဏီဥက္ကဌ မစ္စတာခဘူယူကိမိဆုမာချီက ပြောကြားခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အတွက် မှတ်ပုံ တင်ထားသည့်ငွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်းဖြစ်ပြီး မဟာမိတ်ကုမ္ပဏီသည် အကျိုးဆောင် ကိုယ်စားလှယ် အဖြစ် ဆောင် ရွက်ပြီး မြန်မာနိုင်ငံမှ ကြော်ငြာလုပ်ငန်းများအား လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ Striders Corporation ကုမ္ပဏီသည် ပူးပေါင်းရင်းနှီး မြှုပ်နှံရေး ဖွဲ့စည်းတည်ဆောက်ပုံအပါအဝင် ရင်းနှီးမြှုပ်နှံမှုအချိုးအစား၊ အရင်းအနှီးငွေလာသည့် နေရာဒေသ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် အချိန်ကာလနှင့် သတ်မှတ်ချက် များအကြောင်း လေ့လာ မှုများပြုလုပ်နေကြောင်း သိရပါတယ်။                       Source: မတ်တိချွန်းသတင်းစာ၊တင်တင်ရီ