Main menu

Background

အချိန်အခါမဟုတ်မိုးကြောင့် ရော်ဘာရောင်းလိုအား အကျပ်အတည်း တွေ့နိုင်

Mon, 04/09/2012 - 05:03 -- Anonymous (not verified)

    တရုတ်နိုင်ငံမှ ဝယ်လိုအားလျော့ချလိုက်ပေမယ့်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုများက ရော်ဘာ အစေးထွက် ကို ထိခိုက်စေတာကြောင့် ယခုနှစ်မှာ ခန့်မှန်းထားတာထက် ပိုပြီး သဘာဝရော်ဘာ ရောင်းလိုအား နည်းနိုင်ကြောင်း ရော်ဘာ ထုတ်လုပ်သော နိုင်ငံများ အသင်း ANRPC က ပြော ကြားခဲ့ပါတယ်။ ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၃ ရာခိုင်နှုန်းရှိတဲ့ ANRPC   အဖွဲ့၀ င်နိုင်ငံ များရဲ့ ထုတ်လုပ်မှုက ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး မတ်ထရစ်တန် ၁၀ ဒသမ ၄၂ သန်းကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ၂၀၁၁ မှာ ထုတ်လုပ်မှု ၈ ဒသမ ၆ ရာခိုင်နှုန်းတိုးခဲ့ပြီး တန်ချိန် ၁၀ ဒသမ ၃၀၅ သန်းရှိခဲ့ပါတယ်။ ယခုနှစ်မှာ ဘရစ်စတုန်း၊မီချီလင်းနဲ့ ဂွတ်ရီး ယားတို့လိုထိပ်တန်း တာယာထုတ်လုပ်ရေးတွေရဲ့ အသုံးစရိတ် တွေ မြင့်တက်လာဖွယ်ရှိတာကြောင့် တိုကျိုကုန်စည်ဒိုင်မှာ တော့ ရောင်းလိုအား အကန့်အသတ်ရှိနိုင်ကြောင်း သိရပါ တယ်။ ဆောင်းရာသီ အကုန်မှာ ရောင်းလိုအား စိုးရိမ်ဖွယ် ရာတွေကြုံတွေ့နိုင်တာကြောင့် ဈေးနှုန်းတဖြည်းဖြည်းမြင့် တက်လာနိုင်ကြောင်း  ANRPC က ခန့်မှန်းပြောကြား ခဲ့ပါ တယ်။ ကမ္ဘာ့စီးပွားရေး တက်ရိပ်ပြနေပေမယ့်လည်း နှေးကွေး တုံ့ဆိုင်း နေဆဲဖြစ်တယ်လို့ ANRPC က ပြောကြားပါတယ်။ ထုတ်လုပ်မှု ကျဆင်းတဲ့ရာသီပြီးနောက်မှာ တောင်သူတွေ အစေးထုတ်လုပ်ငန်း ပြန်လည် ဆောင်ရွက် သည့်တိုင်အောင် ဧပြီနဲ့ မေလများမှာ အထွက်နှုန်းကျဆင်းနိုင်ဖွယ်ရှိကြောင်း ANRPC   ကပြောကြားပါတယ်။ ပထမလေးလပတ်မှာ ထုတ် လုပ်မှု ၅ ဒသမ ၁ရာခိုင်နှုန်းကျဆင်းဖွယ်ရှိကြောင်း သိရပါ တယ်။ ANRPC   အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝယ်လိုအားက ကမ္ဘာ့ ဝယ်လိုအားရဲ့ လက်ရှိမှာ ၅၇ ရာခိုင်နှုန်းရှိပြီး ယခုနှစ်မှာ   ၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၆ ဒသမ ၄၄ သန်းကို ရောက်ရှိနိုင်ကြောင်း သတင်း ရရှိပါတယ်။Source:Bloomberg.com,K.Z.W