Main menu

Background

ဧပြီလ ပထမပတ်အတွင်း မတ်ပဲတန်ချိန် တစ်သောင်းကျော်တင်ပို့ခဲ့

Mon, 05/14/2012 - 04:19 -- Anonymous (not verified)

    ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ရဲ့ အစပိုင်း ဧပြီလ ပထမပတ်အတွင်း ပင်လယ်ရေ ကြောင်းက မတ်ပဲတန်ချိန် ၁၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်ကာလအတွင်းမှာလည်း သင်္ဘောတင်ပို့မှုအချို့ရှိခဲ့လို့ဧပြီလ ၁ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းမတ်ပဲ တန်ချိန် ၂၅၀၀၀ နီးပါးအထိ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ သြင်္ကန်ကာလ တင်ပို့မှု ရပ်နားထားတဲ့အတွက် စုစုပေါင်းတန်ချိန် တစ်သောင်းကျော်သာ တင်ပို့မှုရှိခဲ့ တယ်လို့ သိရပါတယ်။    ယခုတစ်ပတ်အတွင်းမှာဖြစ်ပေါ်တဲ့ ရောင်းဝယ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။MIRT - MAPT