နိုင်ငံစုံမှ ဝယ်လိုအားရှိနေတာ ကြောင့် ပဲလွန်းဖြူတင်ပို့မှုမှာ တိုးတက် လျက်ရှိနေပါတယ်။ ဧပြီလ ၂ ရက်မှ ၆ ရက်အတွင်း ပဲလွန်းဖြူတန်ချိန် ၂၁၀၀ ကျော်ကို အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဗီယက်နမ်နိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အစ ဧပြီလ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၃၆၀၀ ခန့်ရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၂၀၀ ကျော်ထက် ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဧပြီလ ၂ ရက်မှ ၉ ရက်အထိ တန်ချိန် ၈၀၀ခန့် ရှိခဲ့ပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက် အတွင်းမှာတော့ တန်ချိန် ၂၅၀၀ ကျော် ထိ အရောင်းအဝယ်စာချုပ် နိုင်ခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ် ပမာဏ များ ပေမဲ့ FOB ဈေးမှာ ပြောင်းလဲမှုမရှိဘဲ ဧပြီလ ၂၇ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀၊ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ အသီးသီးရှိကြောင်း သိရပါတယ်။MIRT - MAPT
Background