ဟိုပုံး နနွင်းကတော့ မူဆယ်ဝယ်လက်တွေ အနည်းအကျဉ်းပြန်ဝယ်ယူလာတာကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၅၀၀၀ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ သြင်္ကန်ပြီး စဖြစ်တာကြောင့် သယ်/ပို့ ဖို့ကားသိပ်မရှိသေးတာကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်သေးဘူးလို့လည်း ဆိုကြပါတယ်။ နနွင်းခြောက် ဈေးကတော့ တစ်ပိဿာ ၈၈၀ ကျပ် ဈေးရှိတယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်နည်းနေပါသေးတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀၊ ၃၀၀၀ ခန့် သာရှိတယ်လို့လည်း သိရပါတယ်။ အမှုန့်ကြိတ်သမားတွေသာ ဝယ်ယူနေတာကြောင့် အရောင်းအဝယ် ကလည်းပုံမှန်သာရှိ တယ်လို့ သိရပါတယ်။ ဟိုပုံး နနွင်းလောက်အရည်အသွေးမကောင်းတာကြောင့် ပြည်ပ ဝယ်လက်က သိပ်မကြိုက်ဘူးလို့လည်း သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးက ရိုးရိုးနနွင်းဆိုရင်တစ်ပိဿာ ၇၀၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
Background