ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇၄၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၅၆၉ ဒသမ ၈၆၇ တန်ကို ထိုင်းနယ် စပ်စခန်းများမှအပို့ရှိခဲ့ရာ ယခင်အပတ် နဲ့နှိုင်းယှဉ်လျင် ၁၆၉ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကိုကြည့်လျှင် မြဝတီမှ ငါးမျိုးစုံ ၄ တန်ကျော်၊ ပုစွန် ၂ တန် ကျော်နဲ့ ကဏန်း ၃ တန်ကျော် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းဖိုး၊ ကော့သောင်းမှ ငါးမျိုးစုံ ၂၇ ဒသမ ၂၆၆တန်နဲ့ ငါးစီဖေါင်း ၈ ဒသမ ၅၅၀ တန် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၁၆၀ သန်းဖိုး နဲ့ မြိတ်နယ်စပ်မှ ငါးမျိုးစုံ ၂၂၄၂ တန် ကျော်၊ ရေငန်ပုစွန် ၂၇ တန်ကျော်၊ ငါးမှုန့် တန် ၂၅၀ နဲ့ ကဏန်းအသေး (အသေ) ၄ တန်ကျော်ဝန်းကျင် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၃၂ သန်းဖိုး အသီးသီး တင်ပို့ခဲ့တာဖြစ်ပါ တယ်။ မြဝတီနဲ့ ကော့သောင်းနယ်စပ် များမှ တင်ပို့မှုဟာ ယခင်အပတ်က ထက် လျော့နည်းခဲ့သော်လည်း မြိတ် နယ်စပ်မှ ယခင်အပတ်ထက် ၆၃၆ တန် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ မြိတ်နယ်စပ်အနေနဲ့ ငါးမျိုးစုံ၊ ရေငန် ပုစွန်၊ ကဏန်းအသေး (အသေ) အပို့ ပိုခဲ့ပြီး ငါးမှုန့်သာ အပို့လျော့ခဲ့တာ ဖြစ် ပါတယ်။ MIRT (DOBT)
Background