Main menu

Background

မတ်ပဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နေ

Tue, 05/15/2012 - 06:40 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ပုံမှန်အတိုင်းတင်ပို့နေပါတယ်။ ဧပြီလပထမပတ်ကတန် ၁၃၀၀၀ ကျော်တင်ပို့ခဲ့သလိုဧပြီလ ၂၂ ရက်မှ ၂၇ ရက် အတွင်းမှာလည်း တန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၈ ရက်မှ ၁၄ ရက်အတွင်းမှာလည်း မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၇ ရက်နေ့အထိ မတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၂၀၀၀ ကျော်တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။    ယခုတစ်ပတ်ရောင်းဝယ်မှုအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT