Main menu

Background

အိန္ဒိယမတ်ပဲဈေးကွက်များမှာ ဈေးပိုလာပေမဲ့ အချို့မှာ ဈေးငြိမ်နေ

Tue, 05/15/2012 - 06:43 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက် တော်တော်များများမှာ ကုန်သည်များနဲ့ ပဲခွဲစက် များ အဝယ်တက်လာလို့ မတ်ပဲဈေးခိုင်မာနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အချို့ ဈေးကွက်တွေမှာတော့ အရောင်းအဝယ်ထိုင်းနေဆဲဖြစ်လို့ ဈေးငြိမ်နေတယ်လို့ သိရ ပါတယ်။ လာမယ့်ပွဲတော်ရာသီအတွက် ဝယ်လိုအားကောင်းနိုင်တာကြောင့် မတ်ပဲ ဈေးနှုန်း ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တင်သွင်းပဲများပုံမှန်ဝင် ရောက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲ ကွန်တိန် နာ ၈၅ လုံး ဝင်ရောက်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။    ဒေါ်လာ/ တန်                ၃-၅-၂၀၁၂    ၂-၅-၂၀၁၂    ၂၅-၄-၂၀၁၂    ၂၄-၄-၂၀၁၂မွန်ဘိုင်း            ၅၇၃            ၅၇၆            ၅၇၉                ၅၈၀ဒေလီ              ၆၀၁             ၆၀၅             ၆၀၂              ၆၀၂ချန်နိုင်း            ၆၀၁             ၆၀၅              ၆၀၂             ၆၀၆MIRT(MAPT)