အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ကြက်သွန်နီ တင်ပို့မှုကို မြှင့်တင်ဖို့နဲ့ လယ်သမားတွေ အတွက် အကျိုးဖြစ်ထွန်းစေဖို့ ကြက်သွန်နီတင်ပို့မှုအပေါ်မှာ ပိ့ုကုန်အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက် (Minimum Export Price (MEP)) ကို နှစ်လတာ ဖယ်ရှားပေးသွားဖို့ တောင်းဆို လိုက်ကြောင်း သတင်းရရှိပါတယ်။ အာဏာပိုင်ဝန်ကြီးများအဖွဲ့Empowered Group of Ministers (EGoM) က သကြားတင်ပို့မှုနဲ့ အခြား စား သောက်ကုန် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရက် သတ်မှတ် ခဲ့သော်လည်း ဘဏ္ဍာအခွန်ဝန်ကြီး Pranab Mukherjee ရဲ့ အခြားချိန်းဆိုချက်တွေကြောင့် အစည်း အဝေးရက် ရွှေ့ဆိုင်းသွားခဲ့ကြောင်း စားသောက်ကုန် ဝန်ကြီး ဌာန ရင်းမြစ်များ အရသိရှိရပါတယ်။ လာမယ့် EGoM အစည်းအဝေးမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ ကြက်သွန်နီပို့ကုန်အပေါ်မှာ နှစ်လတာပို့ကုန်အနိမ့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်ကို ဖယ်ရှားပေးဖို့ အဆိုပြုမှုကို ဆွေး နွေး သွားကြမှာဖြစ်ကြောင်း သိရှိရတယ်။ ယခု လောလောဆယ် ကြက်သွန်နီအတွက် ပို့ကုန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက်က တစ်တန်ကို ကန်ဒေါ်လာ ၁၂၅ ရှိကြောင်း သိရှိရပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကြောင့် ကြက်သွန်နီသင်္ဘော တင်ပို့မှုကိုမြင့်တက် စေမှာ ဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာလည်း လယ်သမားတွေ ဈေးကောင်းရရှိနိုင်ကြောင်း စီးကူးအရာရှိက ဖြည့်စွက် ပြော ကြားလိုက်တယ်။ အကယ်လို့ ၎င်းင်းအဆိုပြုချက်ကို လက်ခံ လိုက်ပါက MEP ကို မေလမှ ဇွန်လအထိ ဒါမှမဟုတ် ဇွန်လမှ ဇူလိုင်လအထိ ဖယ်ရှားပေးသွားမှာဖြစ်ကြောင်း သတင်းရရှိပါ တယ်။အိန္ဒိယအစိုးရက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ကြက်သွန်နီတင်ပို့မှုမြှင့်တင်ဖို့အတွက် MEP ဈေးနှုန်းကို တစ်တန်မှာကန်ဒေါ်လာ ၁၂၅ကိုလျှော့ချပေးခဲ့တယ်။ အိန္ဒိယ က ကမ္ဘာပေါ်မှာ ကြက်သွန်နီဒုတိယအများဆုံး စိုက်ပျိုးထုတ် လုပ်တဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကြက်သွန်နီတန်ချိန် ၁ ဒသမ ၃၄ သန်းကိုတင်ပို့ခဲ့တယ်။ အိန္ဒိယရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် (ဇူလိုင်-ဇွန်) အတွက် ကြက်သွန်နီထုတ်လုပ်မှုက တန်ချိန် ၁၅ ဒသမ ၁၃ သန်းရှိမယ်လို့ ခန့်မှန်းထားတယ်။ ပင်လယ်ကွေ့နိုင်ငံများ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဥရောပ၊တရုတ်၊ မောရစ်ရှနဲ့ စင်ကာပူနိုင်ငံတို့က အိန္ဒိယ ကြက်သွန်နီ အဓိကတင်ပို့တဲ့ ဈေးကွက်တွေဖြစ်ကြောင်း သိရှိရ ပါတယ်။Source:zeenews.india.com ၊အေးမွန်မွန်လှိုင်
Background