အိန္ဒိယနိုင်ငံမှာ သကြားတင်ပို့မှုကို လွတ်လွတ်လပ်လပ်ခွင့်ပြုလိုက်ပြီးနောက် ကုန်သည်များနဲ့ ဈေးကစားသူများ ရောင်းဝယ်မှု သွက်လက်လာလို့ ပြည်တွင်း သကြားဈေး မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်မှာတော့ ဘရာဇီး ရိတ်သိမ်းရာသီနဲ့အတူ ဈေးကွက်မှာ ပိုလျှံရောင်းချမှုကြောင့် နိုင်ငံတကာဈေး လျော့ ကျ စေခဲ့ပါတယ်။ကမ္ဘာ့ဈေးကွက်ကအကျဘက်ဆင်းနေတယ်လို့ Kotak ကုန်စည် ဝန်ဆောင်မှု သုတေသန ဒုတိယဥက္ကဌ Prerna Desai မှ ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံကOpen General Licence(OGL) အရ တင်ပို့ခွင့်ပြုခြင်းနဲ့ သကြားတင်ပို့ခွင့်ကန့်သတ်ချက်များကိုမေလ ၂ ရက်မှာ ဖယ်ရှားခဲ့တာဖြစ်လို့ ကြိုပွိုင့် ကုန်သွယ်ရေးမှာသကြားဈေးမြင့်တက်ခဲ့ပါတယ်။ မေလ ၃ ရက်က MCX မှာ သကြားစာချုပ်ဈေးဟာ ယခင်အပိတ်ဈေးထက် ၁ ဒသမ ၇၈ ရာခိုင်နှုန်း ပိုမိုမြင့် တက် ရောင်းဝယ်ခဲ့ပြီး၊NCDEX မှာ မေလပို့ရမယ့် စာချုပ်ဈေးက သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။သကြားတင်ပို့မှု ကန့်သတ်မှုမရှိခြင်းက လက်ရှိဈေးနဲ့ ဈေးကစားသူများစွာ ဝယ်ယူလာကြတယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ရူပီးတန်ဖိုး ကျဆင်းခြင်းကလည်း ပြည်ပတင်ပို့သူတွေအတွက် ၎င်းတို့ပို့ကုန်များ အတွက် ငွေကြေးပိုမိုရရှိဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ပြည်ပ သကြားတင်ပို့မှု ပိတ်ပင်ခြင်း ကို ပြန်လည်ဖယ်ရှားပြီးနောက် ကမ္ဘာ့သကြားဈေးကွက် ကတော့ များစွာပြောင်းလဲမှု မရှိဘူးလို့ Desai မှ ဆိုပါတယ်။ ICE မှာ သကြား ဇူလိုင်လစာချုပ်ဈေးက သုည ဒသမ ၀၂ ရာခိုင်နှုန်းသာ မြင့်တက်ပြီး၊တစ်ပေါင်ကိုကန်ဒေါ်လာ၂၀ ဒသမ ၅၆ (တစ်တန် ကန်ဒေါ်လာ ၄၅၃) ရှိပြီး၊LISE မှာ သြဂုတ်လ သကြားစာချုပ်ဈေးက ယခင်အပိတ်ဈေးထက် ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့သကြားလွတ်လပ်စွာတင်ပို့ခွင့် ဆုံးဖြတ် ချက်ကကမ္ဘာ့ဈေးကွက်ကိုထိခိုက်ဖို့ အကြောင်းရင်းတစ်ခုသာမဟုတ်ဘူးလို့ လေ့လာ ဆန်းစစ်သူတွေက ဆိုပါတယ်။ ကမ္ဘာမှာ သကြားအများဆုံး ထုတ်လုပ်သူဖြစ်သလို တင်ပို့သူလဲဖြစ်တဲ့ ဘရာဇီး နိုင်ငံဟာမေလပထမပတ်အတွင်း စတင်ရိတ်သိမ်းဖွယ်ရှိပါတယ်။ ရောင်းချမှု အပေါ် စိုးရိမ်နေရမှု လျော့ပါးလာခြင်းကလည်း ယနေ့ နိုင်ငံတကာဈေးကိုလည်း ဖိအားဖြစ် စေပါတယ်။ ယခုနှစ်မှာ အိန္ဒိယ၊ ထိုင်းတို့မှ မျှော်မှန်းထားတာထက် ပိုမိုတင်ပို့ ဖွယ်ရှိပြီး၊ အလားတူ ရုရှားနဲ့ ပါကစ္စတန်တို့ကလည်း အံ့သြဖွယ် ပြည်ပတင်ပို့မှုရှိလို့ နိုင်ငံတကာ ဈေးကွက်တွေမှာ သကြားပိုလျှံဖို့ ဦးတည်လာစေပြီး သကြားဈေးကို ကျဆင်းစေခဲ့တာဖြစ်တယ်လို့ Desai မှ ဆိုပါတယ်။ ကုန်သည်များနဲ့ ထုတ်လုပ်သူတွေက နောက်ထပ်သကြားတန် ၁ သန်းတင်ပို့ခွင့် ပြုဖို့ မျှော်လင့်နေချိန်မှာ အစိုးရက လွပ်လပ်စွာ တင်ပို့ခွင့်ပြုခဲ့လို့ ပြည်တွင်းဈေးမြင့် တက်ခဲ့ပါတယ်။ ဒါပေမယ့် ဈေးမြင့်တက်မှုက ကာလတို အတွင်းသာ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ လာမယ့်နှစ်တွေမှာ ကြံစိုက်ဧရိယာပိုမို တိုးတက်ဖွယ်ရှိလို့ ထုတ်လုပ်မှု လည်း ဆက်လက်မြင့်တက်နေမှာဖြစ်ကြောင်း Kotak သုတေသနမှ ပြောကြားပါ တယ်။ လက်ရှိနှစ်မှာ အိန္ဒိယနိုင်ငံက ပြည်တွင်းလိုအပ်ချက် ခန့်မှန်းတန်ချိန် ၂၂ သန်းသာရှိပြီး၊ ထုတ်လုပ်မှုက တန်ချိန် ၂၆ သန်းရှိမှာဖြစ်လို့ ကျန်ပမာဏကို ပြည်ပ တင်ပို့မှာဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကြံစိုက်ဧရိယာက တိုးတက်နေလို့ ကမ္ဘာ့ဈေးကွက်မှာ ပိုလျှံမှုတွေ ရှိမယ်လို့ ဆိုပါတယ်။ ဒီဦးတည်ချက်အတိုင်းဆိုရင် သကြားဝယ်လိုအားရှိလို့ သကြားဈေးမကျတဲ့တိုင် ဈေးမြင့်တက်မှု ကန့်သတ် နိုင် တယ်လို့ Desai မှ ဆိုပါတယ်။ သကြားဈေးကတစ်တန်ကို ရူပီး ၂၉၅၀၀ (ကန် ဒေါ်လာ ၅၅၃) ဆက်လက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ယမင်းခင်၊Source: business line
Background