ပဲစင်းငုံ ပင်လယ်ရေကြောင်းက တင်ပို့ရာမှာ တိုးတက်လာခြင်းမရှိသေးဘဲ ယခင်သီတင်းပတ်အတွင်း တင်ပို့တဲ့ ပမာဏအတိုင်းသာ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ဧပြီလ ၃၀ ရက်မှ မေလ ၄ ရက်အထိ ပဲစင်းငုံတန် ၃၅၀၀ သာ တင်ပု့ိနိုင်ခဲ့ပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏထက် အပတ်စဉ် တင်ပို့မှုမှာ နည်းနေသေး တာ တွေ့ရပါတယ်။ ၂၀၁၂ ဧပြီလအတွင်း ပဲစင်းငုံ တန်ချိန် ၁၄၅၀၀ ခန့်ရှိပြီး မတ်လမှာ တန်ချိန် ၃ သောင်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ဧပြီလ အတွင်း မှာတော့ တန်ချိန် ၇၂၀၀ ကျော်တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ဧပြီလမှာ ၁ ဆခန့်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၄ ရက်နေ့အထိ စုစုပေါင်း ပဲစင်းငုံတင်ပို့မှုမှာ တန်ချိန် ၁၆၀၀၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူမှာတန်ချိန် ၈၄၀၀ ခန့်ရှိတာ တွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်တွေမှာ တင်ပို့မှု ပိုမိုလာဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။MIRT - MAPT
Background