Main menu

Background

နယ်စပ်မှသရက်သီးတန် ၂၄၅၀ ကျော်ပို့နိုင်

Thu, 05/17/2012 - 05:33 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ သရက်သီး ၂၄၅၃ တန်ခန့်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၀၇၅ တန်ကျော် အပို့ပိုခဲ့ပါတယ်။ စိန်တလုံးအပြင် အောင်ဒင်၊ ဟင်္သာ၊ ရင်ကွဲသီးတွေလည်း  ဝင်နေပါတယ်။ အိတ်စွပ်သရက်သီး (စိန်တလုံး၊ ရွှေဟင်္သာ) ၁၅ ကီလို တစ်တာကို ယွမ် ၁၀၀ ထိရပြီး၊ အိတ်မစွပ်လျှင် ရွှေဟင်္သာလို သရက်သီး  တစ်တာကိုပင် ယွမ် ၃၀-၄၀ ဈေးသာ ရတယ်လို့သိရပါတယ်။ ယခုရက်ပိုင်းမှာ ၁၅ ကီလိုပါ သရက်သီးတာ ၂၀၀၀၀ လောက်ထိကိုအဝင်ရှိနေတယ်လို့ သတင်း ရရှိပါတယ်။  MIRT(DOBT)