ထိုင်း၊ ဗီယက်နမ်နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ်များအတွင်း တရားမဝင် ဝင်ရောက်တဲ့ သကြားပမာဏများစွာဟာ ယခုအချိန်မှာ အရေးပါလျက် ရှိပါတယ်။ ယခုသကြားရောင်းဝယ်မှုဟာ ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေးဝါး ရောင်း ဝယ်မှုနဲ့ အလားသဏ္ဍန်တူစွာ မှောင်ခိုလုပ်သူတွေအတွက် အကျိုးအမြတ်များစွာ ရရှိနေတယ်လို့ဆိုပါတယ်။ တရားဝင်သတ်မှတ်ထားတဲ့အတိုင်း တင်သွင်းရမှာဖြစ်ပေမဲ့ တရားမဝင် ဝင် ရောက်နေဆဲဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကျဆင်းနေတဲ့အတွက် တင်သွင်းသကြား တစ်တန်ကိုတရုတ်နိုင်ငံမှာတစ်တန် ယွမ် ၅၃၀၀ (ကန်ဒေါ်လာ ၈၃၇) ခန့်နဲ့ ရောင်းချ ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ကွမ်ရှီး၊ ယူနန်နဲ့ ကွမ်ဒေါင်းပြည်နယ်များ အပါအဝင် နိုင်ငံတောင်ပိုင်းက ကြံတောင်သူ သန်း ၄၀ ကျော်ရဲ့ဝင်ငွေကို အကာ အကွယ်ပေးဖို့နဲ့ ပြည်တွင်းသကြား သိုလှောင်မှုအတွက် သကြားကြမ်းခင်းဈေး တစ် တန်ပျမ်းမျှ ယွမ် ၆၅၅၀ (ကန်ဒေါ်လာ ၁၀၃၅ ) နဲ့ သတ်မှတ်ထားပါတယ်။ မှောင်ခိုကူးသူတွေရဲ့ ရောင်းဝယ်မှုက ၂၅ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး ပြည် တွင်းမှာ မှောင်ခိုသကြားများက နေရာယူလာတဲ့အတွက် မှောင်ခိုသကြားမဝင်လာ အောင်တားမြစ်ဖို့ အစိုးရမှ ဆုကြေးငွေတိုးမြှင့်ပြီး တားဆီးလျက်ရှိတယ်လို့ သိရပါ တယ်။ သကြားမှောင်ခိုကူးနေခြင်းကို တားမြစ်ရာမှာ ကူညီနိုင်တဲ့သတင်းပေးသူများ ကို ယွမ် ၁၀၀၀ (ကန်ဒေါ်လာ ၁၅၉)မှ ယွမ် ၅ သိန်း (ကန်ဒေါ်လာ ၇၉၃၆၅) ချီးမြှင့်သွားမယ်လို့ တရုတ်သကြားအသင်းမှ သတင်းထုတ်ပြန်ထားကြောင်း သိရပါ တယ်။ ရောင်းဝယ်ရေးဖွံ့ဖြိုးတဲ့ တောင်ပိုင်း Shenzhen မှာ ဖေဖော်ဝါရီအနည်းဆုံး လုပ်ခလစာ ယွမ် ၁၅၀၀ (ကန်ဒေါ်လာ ၂၃၇) နဲ့ စဉ်းစားမယ်ဆိုရင် ယခုချီးမြှင့်ငွေ ဟာ တန်ဖိုးမနည်းတာ တွေ့ရပါတယ်။ ဆုငွေယွမ် ၅ သိန်းသတ်မှတ်ထားတဲ့တိုင် အထူးကိစ္စများ အနေနဲ့ အစိုးရမှ သတ်မှတ်ပမာဏထက်ကျော်လွန်ချီးမြှင့်သွားမှာ ဖြစ်ကြောင်းလည်း တရုတ်သကြားအသင်းမှပြောကြားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ တရုတ်နယ်စပ်ဟာ ငွေမဲဈေးကွက်ဖြစ်ဖို့လွယ်ကူပါတယ်။ ဒါကြောင့် လည်း ရွှေတြိဂံနယ်မြေရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေဖြစ်နေတာ ပါလို့ဆိုပါ တယ်။ မကြာသေးခင်ကလည်း တရုတ်အစိုးရက တားမြစ်မှုတွေပြင်းပြင်းထန်ထန် လုပ်ပေမဲ့ နိုင်ငံတကာဈေးထက် ပိုမိုတဲ့ တရုတ်သီးနှံဈေးကွက်မှာ အကျိုးအမြတ် ပိုရတဲ့အတွက် ဗီယက်နမ်ဆန်များစွာကို မှောင်ခိုတင်သွင်းခဲ့ကြ ပါတယ်။ ဒါပေမဲ့ လည်း သကြားကုန်သွယ်မှုက ကြီးမားနေတယ်လို့သိရပါတယ်။ ကွမ်ဒေါင်းသကြား အသင်းက လွန်ခဲ့တဲ့လမှာ ခန့်မှန်းရာမှာ ယခုနှစ်ပထမ ၃ လအတွင်း တရားမဝင် တင်သွင်းမှုဟာ သကြား တန် ၅ သိန်းခန့် ရောက်ရှိပြီးဖြစ်လို့ တရုတ်အကောက် ခွန်ဌာနမှ ပြုစုထားတဲ့ တရားဝင်တင်သွင်းတဲ့ သကြားပမာဏထက် အနည်းငယ် ပိုမိုနေပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ သကြားတင်သွင်းမှု ထိပ်တန်းနိုင်ငံဖြစ်ပါတယ်။ နိုင်ငံအတွင်း သကြားရောင်းချမှု နည်းမယ့်ခန့်မှန်းချက်တွေကလည်း ဈေးနှုန်းကို ပိုမိုသက်ရောက်စေပါတယ်။ ယခုနှစ်အစပိုင်း ကြံစိုက်ပျိုးတဲ့ ကာလအတွင်း ရာသီဥတု မကောင်းတဲ့အတွက် ယခုနှစ်မှာ သကြားတန် ၂ သန်းခန့် ဈေးကွက်မှာ ပြတ်လပ်မယ်လို့ စီးပွားရေးစီမံခန့်ခွဲမှုရုံးမှ ပြောကြားခဲ့ပါတယ်။ ရေရှည်မှာ တရုတ် သကြားစားသုံးမှုဆက်လက်မြင့်တက်နေမယ်လို့ ဆိုပါတယ်။ယမင်းခင်၊Source: Bloomberg
Background