Main menu

Background

လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုသွားမည် မြို့တော်အငှားယာဉ်လုပ်ငန်းကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အစိုးရမှ ထောက်ခံချက်များအပေါ်တွင် ခွင့်ပြုပေးမည်

Thu, 05/17/2012 - 07:28 -- Anonymous (not verified)

             ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့ တွင် ခရီးသည်တင် ဘတ်စ်ကားများ နည်းပါးမှု၊ ညံ့ဖျင်းမှုနှင့် နေ့စဉ်ကြုံတွေ့ နေရသဖြင့်  လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ် သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏လုပ်ငန်းအကောင်အ ထည် ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။"ရန်ကုန်မှာရော     မန္တလေးမှာပါ ဘတ်စ်ကားတွေ  အတော်လေးညံ့နေ တယ်။ ဘတ်စ်ကားနဲ့ပတ်သက်ပြီးတော့  "ပ"အက္ခရာအထိ ယာဉ်အိုယာဉ်ဟောင်း များကို အပ်နှံပြီးတဲ့အခါမှာ ခရီးသည် တင်  မော်တော်ယာဉ်များကို ၁၉၉၆ မော်ဒယ်လ်မှ ၂၀၀၆မော်ဒယ်လ်အထိ အစားထိုး  လဲလှယ်တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ အခက်အခဲရှိရင် ကြီးကြပ် မှုကော်မတီကို တင်ပြပါ။ ကူညီပေးဖို့ အသင့်ပါ။ မော်တော်ကားအသစ်တွေ ရောက်စေချင်ပါတယ်။ ပုံမှန်သွင်းကုန် လိုင်စင်နဲ့လျှောက်ထားလာပါက စီးရေ ကန့်သတ်ချက်မရှိဘဲ ၂၀ယောက်စီးနဲ့ အထက် ၂၀၀၇ခုနှစ်မော်ဒယ်နဲ့အထက် ခွင့်ပြုပေးမှာဖြစ်ပါတယ်"ဟု ပြောကြား ခဲ့သည်။ ထို့ပြင်မြို့တော်အငှားယာဉ်လုပ် ငန်းများအတွက်   အငှားယာဉ်   ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အငှား ယာဉ်တက္ကစီများ တင်သွင်းလိုပါက ခွင့် ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။"ရန်ကုန်မြို့တော်အပါအဝင် မြို့ တော်ကြီးများမှာ မြို့တော်အငှားယာဉ် (စီးတီးတက္ကစီ)ဝန်ဆောင်မှုလုပ်ငန်းများ အနေနဲ့လည်း အငှားယာဉ်တက္ကစီများ တင်သွင်းလိုပါက၂၀၀၇ခုနှစ်နှင့်အထက် မော်ဒယ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး ပြည်နယ်အစိုးရရဲ့ တွက်ချက်စိ စစ်ထောက်ခံတဲ့အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ထောက်ခံချက်ဆိုတာကလည်းမြို့တော် ရဲ့လမ်းများအခြေအနေ၊လူဦးရေအခြေ  အနေနဲ့တွက်ချက်ပေးရမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။           မယ်သီတာ