ယခုဘဏ္ဍာနှစ်ဧပြီလမှာ ကန်ဒေါ်လာ သုညဒသမ ၈၇၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၆၅ တန်ကျော် တင်ပို့နိုင်ခဲ့ရာ အနီးစပ်ဆုံး ကာလထက် တန် ၁၂၀ ကျော် အပို့ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာ ပဲတီစိမ်းဝယ်လိုအား ကောင်းမွန်လျက်ရှိပြီး တစ်တန်ကို ယွမ် ၅၀၀၀ မှ ၅၅၀၀ ထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းစားသုံးမှု အတွက် သာမက အိန္ဒိယနိုင်ငံသို့ ထပ်ဆင့်တင်ပို့နေတဲ့အတွက် ဝယ်လိုအားများလျက်ရှိတယ်လို့ သတင်းရရှိ ပါတယ်။ ပြည်တွင်းဈေးအနေနဲ့ ပဲတီစိမ်းရွှေဝါ (အသစ်) ၅၆ ဒသမ ၂၅၀ ပိသာဝင် တစ်အိတ်လျှင် ၆၁၅၀၀ ကျပ်၊ ပဲတီစိမ်း အကြီးတစ်အိတ်လျှင် ၅၁၀၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ မန္တလေးနဲ့ ရှမ်းပြည်နယ်ဈေးကွက်ရှိ ပဲတီစိမ်းများကိုသာ မူဆယ် နယ်စပ်လမ်းကြောင်းမှ အပို့ရှိပြီး ပဲခူး၊ ရန်ကုန်နဲ့ ခရီးဝေးကွာတဲ့ဈေးကွက်များမှ ပဲတီစိမ်းများကို သယ်ယူစရိတ် နဲ့ ဈေးကွက် အခြေအနေအရ တင်ပို့မှုနည်းပါးလာလျက် ရှိနေပါ တယ်။ အနီးစပ်ဆုံးကာလထက် အပို့ပိုခဲ့သော်လည်း ယမန်နှစ်ကာလတူ နဲ့ နှိုင်းယှဉ်ပါက ၁၇၈၀ တန်ကျော် လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ှSource: နကသ၊MIRT (DOBT)
Background