မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ် လာ ၂ ဒသမ ၅၁၃ သန်းဖိုးတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၁၅၁၀ တန်ခန့် မူဆယ်မှအပို့ရှိခဲ့ပြီး ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၃ ဒသမ ၄၅ တန်ကို တမူးနယ်စပ်မှ အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ် က တောင်လုံးကျော် တန်ဝက်သာ အသွင်းရှိခဲ့တာမို့ ယခု အပတ်မှာ ၂ ဒသမ ၉၅ တန် ပိုမို တင်သွင်းခဲ့ပါတယ်။ ယခုအပတ်မူဆယ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ မိချောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ နနွင်းတက် (ရှမ်း)၊ ဆီးဆံ၊ နေလဲစေ့၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းခေါင်း၊ မာလာဥ၊ ဂုံညင်းလုံး၊ ရှားစေး၊ တောချင်း၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ဆေးမြင်း ခွာ၊ စမုံနက်၊ မျောက်ဥခြောက်နဲ့ တောင်လုံးကျော် တို့ဖြစ်ပါ တယ်။ ယခင်အပတ်က အပို့မရှိတဲ့ ရှားစေး၊ တောဂျင်း၊ တော ဂျူးမြစ်၊ စမုံနက်နဲ့ တောင်လုံးကျော်တို့ ယခုအပတ်မှာ အပို့ရှိ ခဲ့ပါတယ်။ယခုအပတ်မှာ နနွင်းတက်၊ ကွမ်းစားဂမုန်း၊ မာလာဥ နဲ့ မျောက်ဥခြောက်တို့ ယခင်အပတ်ကထက် အပို့လျော့ခဲ့ပါ တယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ယခုအပတ်မှာ ၂၃၉၄ တန် တင်ပို့မှုလျော့နည်းခဲ့တာ ဖြစ်ပါတယ်။MIRT (DOBT)
Background