ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ တောင်သူများ အစေ့ထုတ်ပြောင်းစိုက်ဖို့ မြေဧက ၁၅၀၀၀ ကျော် မြေပြင်ပြီးဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုနည်းပါးတာကြောင့် မိုးသီးနှံအစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုး နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ကယားပြည်နယ်မှာ နှစ်စဉ်အစေ့ထုတ်ပြောင်း ဧက ၂၀၀၀၀ ဝန်းကျင်စိုက်ပျိုးနိုင်မှုရှိပြီး၊ လွိုင်ကော်ခရိုင်က ဧက ၁၉၀၀၀ ခန့် စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းကို မေလနဲ့ ဇွန်လများမှာ ပုံမှန် စိုက်ပျိုးလေ့ရှိပြီး၊ မေဒုတိယပတ်အထိ မိုးရွာသွန်းမှု မရှိသေးတာကြောင့် ပြောင်း စိုက်ပျိုးမှု နောက်ကျပါက ဆောင်းသီးနှံစိုက်ပျိုးမှုကိုပါ ထိခိုက်နိုင်ကြောင်း သိရပါ တယ်။ ကယားပြည်နယ်မှ အများအားဖြင့် အစေ့ထုတ်ပြောင်းစိုက်ချိန်မှာ ပဲစင်းငုံကို သီးညှပ်ထည့်သွင်း စိုက်လေ့ရှိတာကြောင့် ပဲစင်းငုံရိတ်သိမ်းချိန် နောက်ကျပါ ကလည်း နှင်းခါးကျရောက်ခြင်းနဲ့ တောမီးလောင်ခံရခြင်း အန္တရာယ်များ ရှိကြောင်း ပြောင်းစိုက်ေ တာင်သူတစ်ဦးရဲ့အဆိုအရ သိရပါတယ်။မင်းအောင်
Background