Main menu

Background

ကုလားပဲရောင်းဝယ်မှုရော တင်ပို့မှုပါ ကောင်းနေ

Mon, 05/28/2012 - 08:58 -- Anonymous (not verified)

    ကုလားပဲရိုးရိုးနဲ့ ကုလားပဲဖြူလုံးကြီးများမှာ ရောင်းဝယ်မှုကောင်းသလို၊ တင်ပို့မှု လည်း  အားကောင်းနေပါတယ်။ မေ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲစုစုပေါင်း တန်ချိန် ၆၀၀၀ နီးပါးတင်ပို့မှုရှိခဲ့ပြီး တင်ပို့တဲ့ အဓိကနိုင်ငံတွေ ကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ ကုလားပဲ စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၃၀၀၀ နီးပါးရှိပြီး၊ ကန်ဒေါ်လာ ၁၆ သန်း ကျော်ရရှိခဲ့လို့ ယခင်နှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ နီးပါးမှရရှိတဲ့ဝင်ငွေကန်ဒေါ်လာ ၁၁ သန်းနီးပါးထက် ပမာဏရော တန်ဖိုး ပါ ပိုမိုလာခဲ့ပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ ပြည်ပအရောင်းအဝယ်စာချုပ်နိုင်မှုက မေ ၁၈ ရက်မှ ၂၄ ရက်အထိ တန်ချိန် ၈၀၀၀ ကျော်ထိရှိခဲ့ရာ ယခင်တစ်ပတ်ထက် သိသိ သာသာ ပိုမိုခဲ့ပါတယ်။ အဓိကဝယ်လက် အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ပဲအထွက် လျော့ကျတာကြောင့် ဝယ်လိုအားကောင်းနေတဲ့ ပဲဖြစ်လို့ ကုလားပဲ၊ ကုလားပဲဖြူ လုံးကြီးများ ဆက်လက်အရောင်းအဝယ်ကောင်းဖွယ် ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးကတော့ မေ ၁၈ ရက်မှာ ကန်ဒေါ်လာ ၈၂၀-၈၄၀ ရှိရာမှ မေ ၂၅ရက် မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ကိုလျော့ကျကြောင်းသိရပါတယ်။ MIRT - MAPT