Main menu

Background

ရန်ကုန် FOB မှာ ပဲတီစိမ်း အရောင်းအဝယ် ပိုဖြစ်လာ

Mon, 05/28/2012 - 09:02 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်းအရောင်းအဝယ် ပိုဖြစ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကိုတင်ပို့ဖို့အရည်အသွေးကောင်းများဝယ်ယူမှုရှိလို့ ယခုတစ်ပတ် (မေလ ၁၈ ရက်-၂၄ ရက်) အတွင်းမှာ တန်ချိန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၉၅၀၀ ခန့်ထက် ပိုမိုခဲ့ပါတယ်။     တရုတ်ဝယ်လက်များ မူဆယ်နယ်စပ်မှ တင်သွင်းမှုရှိသလို ကုန်ကျစရိတ်သက်သာတဲ့ ဗီယက်နမ်ဘက်မှ တစ်ဆင့်လည်း တင်သွင်းမှု ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ မေလ ၂၅  ရက်မှာလည်း ပဲတီစိမ်း FAQ  မှာ ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ရွှေဝါအသေးမှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၈၈၀-၉၀၀ ဖြစ်ကြောင်း သိရပါတယ်။                                                                       MIRT - MAPT