ပြည်ငရုတ်ခြောက်ဈေးကွက်ကို ယခုတစ်ပတ်အတွင်း ဟင်္သာတ ငရုတ်ခြောက်များ ပိဿာ ၂၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ်တွင်းမှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့် လုပ်ငန်းများ လက်လီ၊ လက်ကားရောင်းဝယ်သူများမှ အဝယ်ရှိနေလို့ ပွဲရုံများမှာ လက်ကျန်မရှိ၊ တစ်ပတ်ခြင်းကို ပစ္စည်းပြတ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက် ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာကို (အရှည်) ၁၉၀၀ ကျပ်၊ (မိုးထောင်) ၂၈၀၀-၂၉၀၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိနေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
Background