Main menu

Background

ရောင်းအားကျပြီး ဝယ်အားတက်ခြင်းကြောင့် ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတက်

Wed, 05/30/2012 - 04:24 -- Anonymous (not verified)

    ဥရောပဇုန်ရဲ့ ကြွေးမြီအကျပ်အတည်းပြဿနာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရောင်းလိုအား အကျပ် အတည်းကြောင့် ရော်ဘာတင်သွင်းမယ့် စီမံကိန်းသတင်းကြားပြီးနောက် အိန္ဒိယနဲ့ တရုတ်ရဲ့ ဝယ်လိုအားလည်း တိုးလာတာ ကြောင့် အဓိကကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE)၊ တိုကျိုကုန်စည်ဒိုင် (TOCOM)၊ ဘန်ကောက်ဈေးကွက်တို့မှာရော်ဘာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။ TOCOM  မှာ ဇွန်လအတွက် ရော်ဘာ ဈေးနှုန်းက တစ်ကီလိုကို ၂၈၁ ယန်း (၃ ဒသမ ၄၆ ဒေါ်လာ) ကို ရောက်ရှိသွား ကြောင်း သိရပါတယ်။ အိန္ဒိယနဲ့ တရုတ်ရဲ့ စီးပွားရေး ပြန်ကောင်းလာတာကြောင့် ၎င်းနှစ်နိုင်ငံရဲ့ ဝယ်လိုအား တိုးပွားလာကြောင်း အစီရင်ခံစာ များအရ သိရပါတယ်။ တာယာထုတ်လုပ်ရေးတွေနဲ့ နှစ်စဉ်သဘာဝရော်ဘာဝယ်လိုအားက နှစ်စဉ် တန်ချိန် ၃ ဒသမ ၄ သန်းခန့်ရှိကြောင်း တရုတ်ရော်ဘာလုပ်ငန်းများအသင်း (CRIA) မှ သိရပါတယ်။ ထုတ်လုပ်မှု ကတော့ ပျမ်းမျှခြင်း ၇၂၀၀၀၀ တန်သာရှိပြီး တာယာဝယ်လိုအားတွေ တိုးပွားလာတာကြောင့် တရုတ်မှာ ရော်ဘာဈေးနှုန်းတွေ မြင့်တက်နေကြောင်း သိရပါတယ်။ TOCOM မှာ အောက်တိုဘာလအတွက် အရောင်းအဝယ် ဈေးနှုန်းက တစ်ကီလိုကို ၂၇၉ ယန်း (၃ ဒသမ ၄ ဒေါ်လာ)နဲ့ NMCE   မှာ ဇွန်လအတွက်အရောင်းအဝယ်ဈေးက တစ်တန်ကို ၁၉၄၆၆၀ ရူပီး (၃၇၄၀ ဒေါ်လာ) ရှိကြောင်း သတင်းရရှိပါတယ်။ Source: Commodity online ,KZW