ဗီယက်နမ်နိုင်ငံတောင်ပိုင်း Binh Phuoc ပြည်နယ်မှာ သီဟိုစေ့ဈေးနှုန်းတွေ ထိုးကျတာကြောင့် တောင်သူတွေက သည်း မခံနိုင်တော့ဘဲ သီဟိုဠ်ပင်တွေကိုခုတ်လှဲပြီး ရော်ဘာစိုက်ပျိုးဖို့ စိုင်းပြင်နေကြောင်း သိရပါတယ်။ အပင်အိုများ သာမက ပင်ပျိုများကိုပါ ပြည်နယ်တစ်ဝန်းခုတ်လှဲခံနေရကြောင်း သိရပါတယ်။ Phuoc Long ခရိုင်တွင်းရှိ Dong Xoai မြို့လမ်း တလျှောက်မှာ ၃ မီတာကျော်ရှိ သီဟိုသစ်လုံးတွေ တောင်ပုံရာပုံဖြစ်နေကြောင်း သိရပါတယ်။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ သီဟိုဠ်စိုက် ဧရိယာတွေမှာလည်း ခုတ်လှဲထားတဲ့ သီဟိုပင်တွေတွေ့နိုင်ပြီး သီဟိုဠ်နေရာမှာ ရော်ဘာကိုအစားထိုးစိုက်တာကြောင့် မိမိတို့ မျှော်လင့်ချက်များ ပြန်လည်ရရှိနိုင်ကြောင်းနဲ့ ၎င်းတို့အနေနဲ့ သီဟိုဠ်စေ့ဈေးနှုန်း ပြန်တက်လာတာကိုစောင့်ဖို့ သည်းခံနိုင်မှု မရှိကြောင်း နဲ့ စောင့်လေဈေးကျေ လဖြစ်နေကြောင်း တောင်သူများက ပြောကြားပါတယ်။ သီဟိုစေ့ဈေးနှုန်းကို ယခင်နှစ် အလားတူကာလထက် ထက်ဝက်ခန့်ကျဆင်းနေ တာကြောင့် တောင်သူတွေက အချိန်ကြာကြာမစောင့်နိုင်ကြောင်း ပြည်နယ် သစ်တော ကာကွယ်ရေး အေဂျင်စီ PPPA ရဲ့အကြီးအကဲက ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ် ပျမ်းမျှဈေးနှုန်းက သီဟိုဠ်စေ့ တစ်ကီလိုကိုဗီယက်နမ်ဒေါင် (၃၇၀၀၀-၄၀၀၀၀)ဒေါ်လာ(၁ ဒသမ ၇-၁ ဒသမ ၉၂) ကြားဈေးရခဲ့ပြီး အမြင့်ဆုံးဒေါင် ၄၅၀၀၀ (၂ ဒသမ ၁၆ ဒေါ်လာ)ဈေးရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ တစ်ကီလိုကို ဒေါင် ၂၆၀၀၀ (၁ ဒသမ ၂၄ ဒေါ်လာ) သာရရှိပြီး ဒီလိုဖြစ်ရတာက လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေကြား ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့်ဖြစ် ကြောင်း သစ်တောကာကွယ်ရေး အေဂျင်စီ PPPA အကြီးအကဲက ပြောကြားခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သီဟိုဠ်စိုက် ဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ မရှိတာကြောင့် တောင်သူတွေအနေနဲ့ ကုန်ကြမ်းမှတစ်ဆင့် တိုးတက်ဖွံ့ဖြိုး အောင် ဆောင်ရွက်ဖို့ အတွက် ချိတ်ဆက်မှုတွေကို အကောင်အထည်ဖော်ရန် လိုအပ်နေတယ်လို့ သိရပါတယ်။ တောင်သူတွေက အလုပ်ကြိုးစားပေမယ့်လို့ ရိတ်သိမ်းခူးဆွတ်ချိန်မှာ ကုန်ပစ္စည်းရောင်းချနိုင်ရန် လိုအပ်နေပြီး ပြည်တွင်းကုန်ချောထုတ်လုပ် သူတွေကလည်း ပြည်တွင်းမှာလုပ်ငန်းဆောင်ရွက်ခြင်းမရှိဘဲ အာဖရိကကနေ ပြန်လည်ဝယ်ယူနေကြောင်း PPPA ရဲ့ အကြီးအကဲ က ပြောကြားခဲ့ပါတယ်။ Source: VNA, K.Z.W
Background