Main menu

Background

ရန်ကုန် FOB မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုများပေမဲ့ ဈေးငြိမ်လျက်ရှိ

Mon, 06/04/2012 - 04:18 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း မတ်ပဲ FAQ ၊ SQ နဲ့ အခွံချွတ်နေ့စဉ်အရောင်းအဝယ်ဖြစ်ရာ မေလ ၂၅ ရက်မှ၃၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်ကတန်ချိန် ၈၃၀၀ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ်မှာ ပမာဏပိုမို လာခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးတန်ဖိုးဆက်တိုက်ဆင်းနေတဲ့အတွက်အိန္ဒိယဝယ်လက်များဝယ်လိုအားရှိသလောက် ဝယ်ယူမှု မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်းပတ်မှာ ရူပီးတန်ဖိုး ပြန်တက်လာခဲ့ရင်တော့ အရောင်းအဝယ်ေ ကာင်းနိုင်ကြောင်း ခန့်မှန်း ကြပါတယ်။    ရန်ကုန် FOB ဈေးမှာ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၁ ရက်မှာ မတ်ပဲအသစ် FAQ တစ်တန်ကန်ဒေါ်လာ ၅၀၀-၅၂၀၊ SQ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ မတ်ပဲအဟောင်း FAQ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၅၂၀-၅၄၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT