Main menu

Background

ပဲလွန်းဖြူ တင်ပို့မှု ယခင်သီတင်းပတ်ထက် ပို

Mon, 06/04/2012 - 04:40 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ တန်ချိန် ၉၀၀ ထက်ပိုပြီး ယခုတစ်ပတ် (မေလ ၂၁-၂၅ ) အတွင်းမှာ တန်ချိန် ၁၄၅၀ ခန့်ထိ ပိုမို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ် ပိုင်၊စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ် ပါတယ်။ ၂၀၁၂-၁၃ မေလ ၂၅ ရက် အထိ စုစုပေါင်း ပဲလွန်းဖြူတင်ပို့မှု တန် ချိန် ၉၈၀၀ ကျော်မှ ကန်ဒေါ်လာ ၇ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလ တူက တန်ချိန် ၇၆၀၀ နီးပါးမှ ကန် ဒေါ်လာ ၇ သန်းနီးပါးရှိလို့ ယခုနှစ်မှာ ယခင်နှစ်ရောင်းဈေးလောက် မရရှိတာ တွေ့ရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာတော့ နေ့စဉ် အရောင်းအဝယ် ပမာဏ အနည်းငယ်သာဖြစ်လို့ တစ်ပတ်အတွင်း စုစုပေါင်း တန် ၆၀၀ ကျော်သာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါ တယ်။ ပြည်တွင်းဈေးကွက် တွေမှာ လက်ကျန်လျော့နည်းလာပြီဖြစ်လို့ အရောင်းအဝယ်လည်း လျော့လာပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဇွန် ၁ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ မှာ ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT