Main menu

Background

မုံရွာကုလားပဲဈေးကွက် V2 ဝယ်လက်အားကောင်းနေ

Mon, 06/04/2012 - 05:04 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် မေလ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ ထိုင်ဝမ်နဲ့ 929 ဝယ်လက်အေးသွားပေမဲ့ V2 ကတော့ အဝယ်အရောင်းအားကောင်းနေဆဲဖြစ် တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။     ဝယ်လက်အားဖြင့် V2 ကို ရန်ကုန်သမားအဆွဲများပြီး၊ မုံရွာကုန်စည်ဒိုင်ဈေး ကွက်မှာ တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တိုင်ပေနဲ့ 929 ကုလားပဲကိုတော့ ရန်ကုန်ဝယ်လက်အနည်းငယ်နဲ့ ဒေသတွင်းခွဲစက်/ အမှုန့်ကြိတ် စက်၊ ကြာဇံစက်နဲ့ ပဲလက်လီအဝယ်ပုံမှန်ရှိလို့ တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြား နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း  မုံရွာ ကုန်စည်ဒိုင်ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးအနိမ့်အမြင့်အားဖြင့် ကုလားပဲ ရိုးရိုး ၁၇၀၀၀ ကျပ်မှ ၁၇၃၀၀ ကျပ်၊ ကုလားပဲတိုင်ပေ ၁၈၂၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး V2 ၁၈၆၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်၊ ကုလားပဲ 929 ၁၈၃၀၀ ကျပ်မှ ၁၈၈၀၀ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ တောင်သူနဲ့ကုန်သည်တွေဆီ မှာ ပဲလက်ကျန်လျော့နည်းလာပြီလို့သိရပါတယ်။ ကုန်သည်လက်ကြီးသမားတွေက တော့ ဈေးကောင်းရတဲ့အထိ သိုလှောင်ထားဆဲရှိလို့ V2 လက်ကျန်များဖွယ် ရှိတယ် လို့ ဈေးကွက်ကဆိုပါတယ်။                                      ထွန်းလှိုင်