Main menu

Background

နယ်စပ်သာမက ပင်လယ်ရေကြောင်းပါ ပြောင်းအပို့ကျ

Thu, 06/07/2012 - 07:25 -- Anonymous (not verified)

    မေလ ၂၀ မှ ၂၆ ရက်ထိကာလအတွင်း ပြောင်း ၁၂၂၄ တန်၊ တန်ဖိုး ဒေါ်လာသုညဒသမ ၃၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြောင်း သိရ ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၄၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ စင်ကာပူကို ၇၃၄ တန်နဲ့ ဗီယက်နမ်ကို တန် ၄၉၀ အသီးသီး တင်ပို့ ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းအပို့လျော့သလို နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၆၆၀၀ ကျော်တင်ပို့ပြီး ယခင်အပတ်တင်ပို့မှု ထက် လျော့နည်းခဲ့ပါတယ်။ ယခုမေလ အတွင်း ပင်လယ်ရေကြောင်းမှ  ပြောင်းတင်ပို့မှု ၄၉၆၈ တန်ရှိပြီ ဖြစ်ပါတယ်။ မြန်မာသာမက ကမ္ဘာ့ပြောင်းတင်ပို့မှုတွေပါ ကျဆင်းနေကြောင်း သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာကြားဈေးပေါက်တယ်လို့ သိရပါတယ်။K.Z.W