Main menu

Background

ပင်လယ်ရေကြောင်း အပို့ မဆိုသလောက်သာရှိ

Thu, 06/07/2012 - 07:40 -- Anonymous (not verified)

    မေ ၂၀ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၄၇ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၇၀၀ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၂၇ တန်နဲ့ မလေးရှားကို တန် ၂၂၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁၁၀၀ ကျော် ပုံမှန်လေးတင်ပို့နေတာ တွေ့ရပါတယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တာ ကြောင့် တင်ပို့မှုလျော့နည်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၁၀၀-၃၂၀၀) ဒေါ်လာကြားနဲ့ RSS-5 တစ်တန်ကို (၃၀၀၀-၃၁၀၀) ဒေါ်လာဈေးပေါက်နေတယ်လို့ သတင်း ရရှိပါတယ်။                                       K.Z.W