Main menu

Background

ပဲစင်းငုံ ပြည်ပ တင်ပို့မှု ပိုမိုတိုးတက်လာ

Wed, 06/20/2012 - 06:34 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ပိုမိုတိုးတက် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၈၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မေ ၂၈ - ဇွန် ၁ ရက်) အတွင်းမှာ တန်ချိန် ၁၄၀၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၁၄၅၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၁ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၁၉၀၀၀ ကျော်သာတင်ပို့မှုရှိခဲ့လို့ ယခုနှစ် မေလမှာ ပိုမိုတင်ပို့မှုရှိခဲ့ပါတယ်။    ယခုဘဏ္ဍာနှစ် ၂၀၁၂-၁၃ ရဲ့ ဇွန် ၁ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ပြီးစီး မှုမှာ တန်ချိန် ၅၃၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၈၀၀၀ ခန့်ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ၁ ဆခန့်ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိ အရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း ဆက်လက်တင်ပို့မှု ကောင်းနိုင်မယ်လို့ ခန့်မှန်းကြပါ တယ်။                         MIRT - MAPT