ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်တစ်ပတ်ထက် အနည်း ငယ်လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန် ၉၀၀၀ ကျော်တင်ပို့မှုရှိပေမဲ့ မေလ ၂၈ ရက်မှ ဇွန် ၁ ရက်အထိမှာတော့ စုစုပေါင်း တန် ၈၀၀၀ ကျော်သာ လျော့ကျ တင်ပို့ခဲ့ပါတယ်။ မေလတစ်လလုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၄၃၀၀၀ ကျော်ရှိပြီး ဧပြီလအတွင်းမှာ တန်ချိန် ၂၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ မေလ အတွင်းမှာတော့ တန်ချိန် နှစ်သောင်းကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခုနှစ်မေလ ကာလတူမှာ ထက်ဝက်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၁ ရက်အထိ ပဲတီစိမ်း စုစုပေါင်း တင်ပို့မှု တန်ချိန် ၇၇၀၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၅၆ ဒသမ ၆၉ သန်းဝင်ငွေရရှိခဲ့ပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၅၇၀၀၀ နီးပါး တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၆၅ သန်းဖိုးရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ၁၀ သန်းနီးပါးလျော့ကျခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
Background