Main menu

Background

ရှမ်း နနွင်းလည်း ဈေးကောင်း စောင့်ရောင်းမယ်

Wed, 06/20/2012 - 07:19 -- Anonymous (not verified)

        ပြီးခဲ့တဲ့ တစ်ပတ်မှာ ဟိုပုံးနနွင်းက အနည်းငယ်အရောင်းအဝယ် ဖြစ်လိုက်ပါသေးတယ်။ မူဆယ် ဝယ်လက်တွေက တစ်ပိဿာကို ၆၃၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး၊ ယခုလောလောဆယ်တော့ အဝယ်ပြန်ရပ်နေပါတယ်။ တစ်ပိဿာ ကို ၅၅၀ ကျပ်ဈေးနဲ့ရ ရင်တော့ ပြန်ဝယ်အုံးမယ်လို့လည်း သိရပါတယ်။ ပြည်တွင်းလှောင်လက်တွေ ကတော့ ဈေးကောင်းရရင် ပြန်ရောင်းဖို့အတွက် နည်းနည်းချင်းစီဝယ်ယူနေပါတယ်။ ဟိုပုံးမှာ နနွင်းလက်ကျန်ပိဿာချိန် ၂ သိန်း - ၃ သိန်းကျော် ကျန် ရှိနေပါသေးတယ်။    အောင်ပန်းဈေးကွက်မှာတော့ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေတာကြောင့် အနည်းအကျဉ်းလောက်သာ အရောင်း အဝယ်ဖြစ်ပါတယ်။ ပင်လောင်းနနွင်းကိုတော့ တစ်ပိဿာ ၃၀၀ ကျပ်ဈေးနဲ့ လှောင်လက်တွေ က ဝယ်ယူနေပါတယ်။ နနွင်းဈေးက သုံးလေးနှစ်နေမှတစ်ခါ ဈေးကောင်းရပြီး၊ နှစ်ရှည်အထားခံတဲ့ သီးနှံဖြစ်တာ ကြောင့် ဝယ်ပြီးလှောင်ထား၊ ဈေးကောင်းရမှသာ ထုတ်ရောင်းကြမယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ပင်လောင်းနနွင်းမှာတောင် အဝါသန့် တစ်ပိဿာ ၃၀၀ ကျပ်  -၄၀၀ ကျပ်၊ ပင်းတယ၊ တောင်ပို့လ နနွင်းက ၅၀၀ ကျပ် - ၆၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၉၀၀ ကျပ် -၁၀၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်