Main menu

Background

ပြောင်း

Sun, 06/24/2012 - 03:22 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ        ယခင်          ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး     ၁ ပိဿာ         ၃၁၅            ၃၃၅             ၂    လားရှိုး          ၁ ပိဿာ         ၃၉၀            ၄၀၀         ၃    မူဆယ်          ၁ တန်          ၂၈၇၅၉၈    ၂၉၅၀၀၀         ၄    မန္တလေး         ၁ ပိဿာ          ၃၆၇          ၃၈၀     ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိလို့ ဈေးစွာလာ    တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမားများ က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီးတစ်ပိဿာကို အနိမ့်ဆုံး ၃၃၀ ကျပ်မှ  အမြင့်ဆုံး ၃၃၅ ကျပ်အ တွင်း အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးကဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းအရောင်းအဝယ် ကတော့ ပုံမှန်ထက်စာရင် နည်းသွားတယ်လို့ သိရပါတယ်။ လားရှိုး ဈေးကွက်မှာ ပြောင်းက လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်နည်းနေပေမယ့် တရုတ်အဆွဲကတော့ ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၂၆၄၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိသလို လှောင် လက်ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၈၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပြောင်း ကုန်သည်တစ်ဦးက ဆိုပါတယ်။