Main menu

Background

ကမ္ဘာ့ ရော်ဘာအထွက်နှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်

Sun, 06/24/2012 - 03:38 -- Anonymous (not verified)

        သဘာဝရော်ဘာ ထုတ်လုပ်မှုက ယခုနှစ်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ယခင်နှစ်ကတော့ ၈ ဒသမ ၆ ရာခိုင်နှုန်း ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။  ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာ့ စီးပွားရေးတိုးတက်နှုန်းနှေးကွေးကာ ဝယ်လိုအား ကျဆင်းတာကြောင့်ဖြစ်ကြောင်း သဘာဝရော်ဘာ ထုတ်လုပ်သောနိုင်ငံများအသင်း ANRPC  ကပြောကြား ခဲ့ပါတယ်။ ယခုနှစ်မှာထုတ်လုပ်မှုတန်ချိန် ၁၀ ဒသမ ၄၇သန်းခန့် ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၀ ဒသမ ၃၂ သန်းသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ANRPC  ကပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်ကထုတ်လုပ်မှုတိုးတက်တဲ့အဓိကနိုင်ငံ တွေ ဖြစ်လာနိုင်ပြီး တရုတ်ရဲ့ထုတ်လုပ်မှုက ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး ဗီယက်နမ်ကတော့ ၆ ရာခိုင်နှုန်းတိုးတက် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ ထုတ်လုပ်မှုကလည်း ယခင်နှစ်ထက် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉ ဒသမ ၁၉ သိန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ဝယ်လိုအားကျဆင်းခြင်း     ယခုလက်ရှိကာလမှာရင်ဆိုင်နိုင်ရတဲ့ ကမ္ဘာတစ်ဝန်းစီးပွားရေးကျဆင်းခြင်းက ဂျပန်ရဲ့ဝယ်လိုအားကို အတားအဆီး ဖြစ်နေကာ ယခုနှစ်အတွင်း သဘာဝရော်ဘာ ဝယ်လိုအားနှေးကွေးနေခဲ့ကြောင်း ANRPC  မှဆိုပါတယ်။ အလားတူတရုတ်ရဲ့ တင်သွင်းမှုလည်းကျဆင်းနေကြောင်း တရုတ်ထုတ်လုပ်ရေးကိန်းကဏန်းများအရ သိရပါတယ်။ မေလမှာတော့ တရုတ်နိုင်ငံ ကွမ်ကျိုးရှိ သိုလှောင်ရုံတွေမှာ သိုလှောင်မှု ကျဆင်းခဲ့တယ်လို့သိရပါ တယ်။     အိန္ဒိယရဲ့စီးပွားရေးအခြေအနေလည်းကျဆင်းနိုင်ပြီး ၁၃ နှစ်အတွင်းအဆိုးဆုံးအခြေအနေကိုရောက်နိုင်ကြောင်း ANRPC  က ဆိုပါတယ်။ စစ်ဆေးချိန်ညှိနှိုင်းချက်များအရတော့ ထုတ်လုပ်မှုကျဆင်းနေပေမယ့် ရောင်းလိုအားကိုလည်း ထိန်းထားနိုင် ကြောင်းသိရ ပါတယ်။ အိန္ဒိယကအဓိကရော်ဘာသုံးစွဲသူဖြစ်လာနိုင်ပေမယ့် ရော်ဘာ ဈေးနှုန်းကတော့ကျဆင်းဖွယ် ရှိကြောင်း သိရပါတယ်။ ဒီလိုဖြစ်ရတဲ့ ပထမအချက်ကတော့ အနောက်တောင် မုတ်သုံလေက အဓိကရော်ဘာထုတ်လုပ်တဲ့ ကာရာလာ ဒေသ ကို ကျော်လွန်ဝင်ရောက်ပြီး ဖြစ်တာကြောင့် ရောင်းလို အားကျဆင်းတဲ့ရာသီဖြစ်နေပြီဖြစ်ပါတယ်။ ဇွန်လကနေ သြဂုတ်လ အထိ ပျမ်းမျှလစဉ်ထုတ်လုပ်မှုက တန် ၆၀၀၀၀-၆၅၀၀၀ အထိ ကျဆင်းနိုင်ပြီး သာမန်အချိန်မှာတော့ တန် တစ်သိန်းမှ - ၁ ဒသမ ၅ သိန်း အထိထွက်ရှိကြောင်း သိရပါတယ်။ ယခုလက်ရှိကာလမှာ ရော်ဘာဈေးနှုန်း ကျဆင်းနေတာကြောင့် တောင်သူတွေက ယခုနှစ်မှာ မိုးရေကာစနစ်နဲ့ အစေးထုတ်ယူဖို့ဆန္ဒမရှိကြောင်း ANRPC  က မှတ်ချက်ပြုခဲ့ပါတယ်။         ပြန်လည်စိုက်ပျိုးခြင်း    ဒုတိယအချက်ကတော့ ပျမ်းမျှခြင်းရော်ဘာဟက်တာ ၈ သောင်းခန့်က သက်တမ်း ၃၀ ကျော်ပြီးဖြစ် ပါတယ်။ ၎င်းရဲ့ ရလဒ်ကတော့ အစေးထွက်နှုန်းကျဆင်းတာပဲဖြစ်ပါတယ်။ ဈေးနှုန်းကလည်းကျဆင်းနေတာ ကြောင့် တောင်သူတွေအနေနဲ့ စီးပွားရေးတွက်ခြေမကို က်ကြောင်း သိရပါတယ်။ ဒါကြောင့်ယခုနှစ်မှာ တောင်သူ တွေက ပင်အိုတွေခုတ်လှဲပြီး ပြန်လည် စိုက်ပျိုးခြင်းကို ဧရိယာတော်တော်များ များဆောင်ရွက်မှာဖြစ်ပါတယ်။ အခြားတဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ရော်ဘာစိုက်ဧရိယာ တွေမှာလည်း သိသာထင်ရှားစွာအထွက်နှုန်း ကျဆင်းဖွယ် ရှိတယ်လို့ ANRPC  က ပြောကြားပါတယ်။ အင်ဒိုနီးရှားမှာ လည်းရွက်ကြွေရာသီဖြစ်တာကြောင့် ထုတ်လုပ်မှု ကျဆင်းပြီး မလေးရှားမှာတော့  ရော်ဘာဈေးနှုန်းကျဆင်းနေတာကြောင့် စိုက်ပျိုးဖို့စိတ်ဓာတ်ကျနေကြောင်း သိရပါတယ်။ ဒါပေမယ့်ယခုနှစ် မှာ ရောင်းလိုအားနဲ့ ဝယ်လိုအားချိန်ညှိမှန်းဆရခက်ခဲကြောင်း ANRPC က ဆို ပါတယ်။ ရော်ဘာဈေးနှုန်းအနေ နဲ့လည်း ငွေကြေးလဲ လှယ်နှုန်းတွေနဲ့ ရေနံဈေးနှုန်းမတည်ငြိမ်သရွေ့ဖိအား ဆက်လက် ရှိနေနိုင်ကြောင်း ANRPC  က ခန့်မှန်းထားကြောင်းသိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံများရဲ့ ရောင်းလိုအား ဝယ်လိုအားအခြေအနေခန့်မှန်းချက်ကို ဖော်ပြပေးလိုက်ပါတယ် -                            ရောင်းလိုအား/ဝယ်လိုအားအခြေအနေ(တန်ချိန် -သန်း)                                ထုတ်လုပ်မှု                               သုံးစွဲမှုသိုလှောင်မှု (အဖွင့်)         ၁ .၁၄၉            ပို့ကုန်            ၇.၇၈၆သွင်းကုန်                       ၃.၈၆၆             သုံးစွဲမှု           ၆.၂၆၆ထုတ်လုပ်မှု                     ၁၀.၃၂၅    သိုလှောင်မှု (အပိတ်)    ၁.၂၈၈ရောင်းလိုအားစုစုပေါင်း      ၁၅.၃၄၀    စုစုပေါင်းဝယ်လိုအား    ၁၅.၃၄၀    Source: Business Line KZW