Main menu

Background

ကမ္ဘာ့စီးပွားရေးကျဆင်းပြီး ထုတ်လုပ်မှုကျ၍ ကော်ဖီတင်ပို့မှု ကျဆင်း

Sun, 06/24/2012 - 03:45 -- Anonymous (not verified)

     ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုအများဆုံးဒေသတွေမှာ အထွက် နှုန်းကျဆင်းခြင်းနဲ့ ကမ္ဘာတစ်ဝန်းလုံး  စီးပွားရေးကျနေ တာ ကြောင့် ကော်ဖီဝယ်လိုအားကျဆင်းခြင်းကြောင့် ကမ္ဘာ့ကော်ဖီ တင်ပို့မှုက ယခုနှစ် ဧပြီလမှာ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါ တယ်။ ၆၀ ကီလိုဝင်အိတ် ၈ ဒသမ ၇၇ သန်းသာတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလက အိတ်ပေါင်း ၉ ဒသမ ၉၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘာ့ကော်ဖီအသင်း (ICO) ရဲ့ အစီရင် ခံစာအရ သိရပါတယ်။ ၎င်းအစီရင်ခံစာအရ ဧပြီလဟာ ပို့ကုန် ကျဆင်းတဲ့ ဒုတိယမြောက် လဖြစ်ကြောင်းသိရပါတယ်။ ဥရောပ အကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားဈေးကွက် အထူးသဖြင့် ဥရောပမှာ ကော်ဖီဝယ်လိုအားကျ ဆင်းခဲ့တယ်လို့ သိရပါတယ်။ ထို့အတူပဲ ရာသီဥတုဆိုးဝါးမှုနဲ့ကြုံတာကြောင့် အဓိကစိုက်ပျိုး ထုတ်လုပ်တဲ့ ဒေသတွေမှာလည်း ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။ ၂၀၁၁ ပြက္ခဒိန်အတွင်းမှာတော့ ကမ္ဘာ့ကော်ဖီသုံးစွဲမှု  ၁ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ပြီး အိတ်ပေါင်း ၁၃၇ ဒသမ ၉ သန်းသုံးစွဲ ခဲ့ကြောင်း ICO ရဲ့စာရင်းများအရ သိရပါတယ်။Source: Commodity online, K.Z.W