Main menu

Background

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တင်ပို့မှု နေရာပြန်ယူလာ

Sun, 06/24/2012 - 04:28 -- Anonymous (not verified)

        ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုမှာ ယခုလအတွင်း ပဲစင်းငုံတင်ပို့မှုပိုမို နေရာယူလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်း ပဲစင်းငုံ တန်ချိန် ၁၂၀၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်များမှာ တန် တစ်သောင်း အောက်သာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပြန်စိပ် လာခဲ့တဲ့အတွက် တင်ပို့မှု ပိုမိုလာသလို လက်ရှိအလားအလာအရ လာမယ့်သီတင်း ပတ်တွေမှာလည်း ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။    ဇွန် ၈ ရက်အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံစုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၆၄၀၀၀ ကျော်မှ ကန်ဒေါ်လာ ၃၆ သန်းခန့်သာရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၃၃၀၀၀ ကျော်မှကန်ဒေါ်လာ ၂၅ သန်းကျော်ရရှိခဲ့တာ တွေ့ ရပါတယ်။ တင်ပို့တဲ့ ပမာဏအားဖြင့် ယခုနှစ်ကာလတူမှာ တစ်ဆခန့်ပိုမိုလာခဲ့ပေမဲ့ ရရှိတဲ့တန်ဖိုးငွေမှာ ယခင်နှစ် ရောင်းချဈေးထက် လျော့နည်းတာတွေ့ရ ပါတယ်။MIRT - MAPT