ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် လျော့ နည်းလာနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၀ဝ၀ ကျော်တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၄-၈ ရက်) အတွင်းမှာ တန်ချိန် ၅၇၀ဝ ခန့်သာတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ၊ ဗီယက်နမ်၊ စင်ကာပူစတဲ့ နိုင်ငံတွေကို ပမာဏအနည်း ငယ်စီတင်ပို့တာဖြစ်ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်လ ၈ ရက်နေ့အထိ ပဲတီစိမ်း စုစုပေါင်း ပြည်ပတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၈၆၀ဝ၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၆၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၆၆၀ဝ၀ ကျော်မှ ကန်ဒေါ်လာ ၇၅ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တန် နှစ်သောင်းခန့် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ယခင်နှစ်ထက် လျော့ကျတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိကြောင်း ခန့်မှန်းရရှိပါတယ်။MIRT - MAPT
Background