ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းကို အရောင်း အဝယ်ပါးနေတာတွေ့ရပါတယ်။ ယခင်လပိုင်းက တရုတ်ဘက်က ဆွဲအားကောင်း ခဲ့လို့ အရောင်းအဝယ်များခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တရုတ် ဝယ်လက်မရှိသလို အိန္ဒိယဘက်ကလည်း အနည်းအကျဉ်းသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ အရည် အသွေးကောင်းတဲ့ ပဲတီရွှေဝါများသာ အဝယ်ရှိလို့ ယခုတစ်ပတ် (ဇွန်လ ၈-၁၄ ရက်) အတွင်း တန် ၁၅၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းမှာ လက်ကျန်များများ မကျန်တော့ပေမဲ့ လတ်တလောဝယ်လက်ပါး လို့ FOB ဈေးမှာလည်း ငြိမ်နေပါတယ်။ ဇွန် ၁၅ ရက်မှာ ပဲတီစိမ်းအညာ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ရွှေဝါအလုံးသေးတစ်တန် ကန်ဒေါ်လာ ၈၀ဝ-၈၂၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀ဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT
Background