Main menu

Background

အိန္ဒိယ ပြည်တွင်းဈေးကွက်မှာ တင်သွင်း ပဲတီစိမ်းဈေးလျော့

Sun, 06/24/2012 - 04:37 -- Anonymous (not verified)

        အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပြည်တွင်းပဲတီစိမ်းဈေးငြိမ်နေပေမဲ့ မွန်ဘိုင်း၊ ချန်နိုင်းဈေးကွက်မှာ တင်သွင်းပဲတီစိမ်းဈေးလျော့ကျတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲတီစိမ်းအဝင်ပုံမှန်ရှိနေတဲ့အပြင် အရောင်းအဝယ်ငြိမ်နေတဲ့ အတွက် ဈေးကွက်အများစုမှာ ဈေးငြိမ်နေပါတယ်။ ဒါပေမဲ့ဆိပ်ကမ်းမြို့ ဈေးကွက် တွေမှာတော့ တင်သွင်းပဲတွေ ဆက်တိုက်ရောက်ရှိနေတာကြောင့် ယခုရက်ပိုင်း တင်သွင်းဈေး ကျဆင်းနေပါတယ်။ ဒါ့အပြင် နွေပဲတီစိမ်းများ ဈေးကွက်အတွင်း ရှိနေတဲ့အတွက် ကုန်သည်များမှ တင်သွင်းပဲများ အဝယ်အေးကြောင်း သိရပါတယ်။ ဇွန်လ ၂ ရက်မှ ၁၁ ရက်အတွင်း ချန်နိုင်းဆိပ်ကမ်း ကို မြန်မာပဲတီစိမ်းကွန်တိန်နာ ၄၆ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                             ၁၄-၆-၁၂    ၁၃-၆-၁၂    ၁၂-၆-၁၂    ၁၁-၆-၁၂မွန်ဘိုင်း(ပဲတီရွှေဝါ)       ၇၄၄           ၇၇၂           ၇၅၂         ၇၆၂ချန်နိုင်း(ပဲတီရွှေဝါ)        ၇၈၉           ၇၉၉           ၇၈၈         ၇၉၈ဒေလီ                        ၇၁၇           ၇၂၇            ၇၁၆        ၇၂၆MIRT(MAPT)