ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၄ သန်း တန်ဖိုးရှိတဲ့ မော်တော်ဆိုင်ကယ်အသစ် အစီး ၃၅၅၅ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၇၁၀ သန်းတန်ဖိုးရှိသုံးဘီးဆိုင်ကယ်အသစ် ၅၄၁ စီးကို တင်သွင်းလာတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ ဆိုင်ကယ်များကို မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် တရုတ်နယ်စပ် ကနေ မြန်မာဘက်ကို စီးဝင်တဲ့ကုန်ပစ္စည်းတွေထဲမှာ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် အသစ်များဟာ ထိပ်ဆုံးမှာရှိနေပါတယ်။ ယခင်အပတ်ကတော့ မော်တော်ဆိုင်ကယ်အသစ် ၂၇၃၂ စီးနဲ့ သုံးဘီး ဆိုင်ကယ်အသစ် ၄၀၅ စီး အသွင်းရှိခဲ့ရာ ယခုအပတ်မှာ မော်တော်ဆိုင်ကယ်အသစ် ၈၂၃ စီးနဲ့ သုံးဘီးဆိုင်ကယ် အသစ် ၁၃၆ စီး အသွင်းပိုခဲ့ပါတယ်။ မေလဆန်းကစပြီး ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ မော်တော်ဆိုင်ကယ် အသစ် ၁၄၃၀၅ စီး တင်သွင်းမှုရှိခဲ့ပြီး ယခုဇွန်လမှာတော့ မော်တော်ဆိုင်ကယ် အသစ်အပြင် သုံးဘီးဆိုင်ကယ် အသစ်များ အသွင်းရှိလာတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်ကနေစီးဝင်နေတဲ့ သွင်းကုန်တွေ ကတော့ ဆိုင်ကယ် နဲ့ သုံးဘီးဆိုင်ကယ်အသစ်တွေ၊ သဘာဝဓာတ်ငွေ့ ရေနံပိုက်လိုင်းစီမံကိန်းအတွက် သံပိုက်လုံးတွေ၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ်ပြားရောင်စုံနဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံးတွေပဲ ဖြစ်ပါ တယ်။ MIRT(DOBT)
Background