Main menu

Background

အေးခဲအမဲသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ တန် ၈၀၀ ကျော် နယ်စပ်မှ အပို့ရှိ

Sun, 06/24/2012 - 05:51 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ အေးခဲအမဲသား ၄၁၂ တန်ကျော်၊ ကျွဲနွားသားရေ ၂၄၈ တန်ကျော်၊ နွားဘေးထွက် ၈၂ တန်ကျော်၊ အေးခဲကျွဲနှလုံးလေပြွန် (Frozen Beef heart pipe တန် ၈၀ ကျော်ကို တစ်ဘက်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၃၃၂ တန်၊ ကျွဲနွားသားရေ ၂၄၈ တန်ဝန်းကျင်၊ နွားဘေးထွက် တန် ၈၀ ကျော်နဲ့ အေးခဲကျွဲနှလုံးလေပြွန် ၈၁ တန်ခန့်နဲ့ ချင်းရွှေဟော်မှ အေးခဲအမဲသား တန် ၈၀ နဲ့ နွားဘေးထွက် ၂ တန်ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှု ၃၃၇ တန် တင်ပို့မှုပိုမိုခဲ့ တယ်လို့ သတင်းရရှိပါတယ်။MIRT(DOBT)