Main menu

Background

မန္တလေး မြို့ပြဖွံ့ဖြိုးမှု Supporting ဇုန်ကို ဆီးဂိမ်းအမီ တည်ဆောက်မည်

Sun, 06/24/2012 - 06:41 -- Anonymous (not verified)

    မန္တလေးမြို့ပြဖွံ့ဖြိုးမှု Supporting  ဇုန်ကိုဆီးဂိမ်းပွဲတော်အမီ တည်ဆောက် ရန် မန္တလေးမြို့တော် စည်ပင် သာယာ ရေးကော်မတီမှ   တာဝန်ရှိသူများနဲ့ မန္တလေးမြို့မှ လိုင်စင်ရဗိသုကာလုပ် ငန်းရှင်များတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့ပြဖွံ့ဖြိုးရန်  New Plan အနေဖြင့် ၇၃ လမ်း၊ သဇင်လမ်းနဲ့ ငုရွှေဝါလမ်းကြားရှိ ဧက ၄၀ အကျယ် အဝန်းပေါ်မှာ Supporting ဇုန်တည် ဆောက်ရန် ဆွေးနွေးခြင်းဖြစ်ပါတယ်။ မန္တလေးမြို့မှ  လိုင်စင်ရ ဗိသုကာ ပညာရှင် ကိုဇင်မင်းဆွေက "မန္တလေးမှာ အရင်လို တစ်ဦးတစ်ယောက်တည်းကို လုပ်ငန်းချပေးတာမျိုးမဟုတ်ဘဲ လိုင်စင် တင်ထားတဲ့  ဗိသုကာပညာရှင်တွေ အားလုံးကို ခေါ်တွေ့တယ်။ OPEN တင်ခိုင်းတာ။  New Plan  ထဲမှာ ကား ပါကင်၊ ဟိုတယ်၊ စူပါမားကက်၊ လူနေ တိုက်ခန်း၊ ဈေးဆိုင်ခန်း၊ ရေကူးကန်၊ ပန်းခြံ၊ အပန်းဖြေနေရာတွေ ထည့်သွင်း ရေးဆွဲရမယ်။  မျက်နှာချင်းဆိုင်မှာ ဘောလုံးအကယ်ဒမီရှိတော့၂၀၁၃ခုနှစ် မှာကျင်းပပြုလုပ်မယ့် ဆီးဂိမ်းပွဲတော် အမီ တည်ဆောက်ရမယ် ပြောတယ်။ စိတ်ကြိုက်ဒီဇိုင်းဆွဲပြီး မြို့ပြဖွံ့ဖြိုးမှုပုံစံ ပါအောင် ရေးဆွဲတင်ရမယ်။ ဒီဇိုင်းကို ယခုလ ၁၅ ရက်နေ့အမီ တင်ပြရမယ်'' လို့ ပြောပါတယ်။မန္တလေးမြို့ပြဖွံ့ဖြိုးမှု Supporting ဇုန်ကို ၂၀၁၃ ခုနှစ် အားကစားပွဲတော် အမီ တည်ဆောက်ပြီးစီးရန် ယခုလကုန် မှစ၍တည်ဆောက်သွားမှာဖြစ်ပါတယ်။ လတ်တလောမှာ  ၇၃  လမ်းပေါ်နဲ့ ဘောလုံးအကယ်ဒမီ ကျောင်းပတ်လည် မှာ ဟုန်ဖန်းကုမ္ပဏီနဲ့ True ကုမ္ပဏီတို့ မှ အဆင့်မြင့်လမ်းများ ခင်းကျင်းလျက် ရှိကြောင်း သိရပါတယ်။      ဇူးဇူး