Main menu

Background

ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း မြှင့်တင်တဲ့အတွက် အိန္ဒိယဈေးကွက် မှာ ဈေးပိုလာ

Sun, 06/24/2012 - 08:06 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့်ခြင်းက ပဲစင်းငုံဈေးနှုန်းထပ်မံ မြင့်တက်စေဖို့ဖြစ်စေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မိုးရာသီအတွင်း ဝယ်လိုအားမြင့်တက်ဖွယ်ရှိပြီး ပြည်ပတင်သွင်းမှုအပေါ်ကို မှီခိုမှု ပိုမိုလာတဲ့အတွက် ပဲစင်းငုံဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ သိရပါတယ်။ ကီရာလာ၊ တမီလ်နာဒူနဲ့ ကာနာတာကာတို့က ပဲစင်းငုံဝယ်ယူမယ့်တင်ဒါများခေါ်ယူ ခြင်းကြောင့် တင်သွင်းပဲစင်းငုံ ဈေးမြင့်တက်လာနေပါတယ်။ အင်ဒရာပရာဒေ့ရှ်ပြည် နယ်မှာ ပဲစင်းငုံစိုက်ပျိုးမှု ဟက်တာ ၅၀၀၀ ပြီးစီးလို့ ယခင်နှစ် ကာလတူနဲ့ ယှဉ်ရင် ၉၂ ရာခိုင်နှုန်းလျော့ကျကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။     ဒေါ်လာ/ တန်              ၂၁-၆-၁၂       ၂၀-၆-၁၂    ၁၉-၆-၁၂    ၁၈-၆-၁၂မွန်ဘိုင်း        ၆၇၈            ၆၇၆           ၆၆၁          ၆၇၅ဒေလီ           ၆၈၃            ၆၇၁           ၆၆၁          ၆၆၆ချန်နိုင်း         ၆၅၆            ၆၆၂            ၆၆၁         ၆၆၆MIRT(MAPT)